Mandalay News

0 0
Read Time:4 Minute, 52 Second

ပုဂံမြို့၌ သန်းခေါင်စာရင်းကောက်နေသူ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်စဉ် လက်နက်ကိုင်ရဲများ အားလုံးထွက်ပြေး

 

  • သီတင်းကျွတ်ကာလ ပုဂံသို့ အပန်းဖြေထွက်ခြင်းရှောင်ကြဉ်ကြရန် ပုဂံပြည် ဘီလူးတပ်ဖွဲ့ သတိပေး

 

D Day News

အောက်တိုဘာလ ၁၄

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် သန်းခေါင်းစာရင်း ဦးဆောင်ကောက် သော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ရောက်ပစ်ခတ်စဉ် လက်နက်ကိုင်ရဲများအားလုံး ထွက်ပြေးသွား ပြီး အုပ်ချုပ်ရေးမှူး ပုဂံငဆော်(ခ)ဆော်ဒီမှာ နေရာမှာပင် သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ် ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၃၈ မိနစ်တွင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အနော် ရထာရပ်ကွက် အုပ်ချုပ်ရေးမှူး ပုဂံငဆော်(ခ) ဆော်ဒီဦးဆောင်၍ Non CDM ဆရာမများ၊ အရပ်ဝတ် လက်နက်ကိုင်ရဲများ ပူးပေါင်း၍ ရပ်ကွက် သန်ခေါင်းစာရင်း လိုက်ကောက်နေစဉ် ပုဂံပြည်ဘီလူးတပ် တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ထိုသို့ဝင်ရောက် ပစ်ခတ်ခံစဉ် ညောင်ဦးရဲစခန်းမှ အရပ်ဝတ်လက်နက်ကိုင်ရဲများမှာ ထွက်ပြေးသွားကြောင်း သိရ သည်။

 

“ပုဂံ ငဆော်က အိမ်မှာ မနေတာ များတယ်၊ ရဲစခန်းမှာပဲ အနေများတယ် သူ အိတ်ထဲမှာအမြဲ အတို တလက် ကိုင်ဆောင်ထားတယ်လို့လဲ ကျွန်တော် တို့ ကြားသိရပါတယ်၊ ဒါပေမဲ့ ကျွန်တော် တို့ အချိန် မရ တော့ သူဆီက အတိုကို မယူနိုင်ခဲ့ပါဘူး လုံခြုံရေးတွေ ကြားထဲကလုပ်ရတာ ဆိုတော့ အမြန်ရှင်း အမြန် ပြန်ဆုတ်ခဲ့ရပါတယ်” ဟု ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Photo – ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က သန်းခေါင်စာရင်းလိုက်ကောက်နေသော အကြမ်းဖက်စစ်အုပ်စု

ပုဂံပြည်ဘီလူးတပ်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ သန်းခေါင်စာရင်း ကောက်ယူ ခြင်းမပြုရန် သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း သေဆုံးသူ ပုဂံငဆော်(ခ)ဆော်လီ သည် ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပုဂံမြို့နေ လူ ငယ်များကို PDF ဟုခေါင်းစဉ်တပ်ကာ ဖမ်းဆီးခိုင်းခြင်း၊ PDF ထောက်ပို့ဟုဆိုကာ ဖမ်းဆီးငွေညှစ် ခြင်း စသည့်ပြစ်မှုမျးကျူးလွန်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် သီတင်းကျွတ်လရာသီ၌ ပုဂံပြည်ကို အပန်းဖြေလာရောက်မည့်မိဘပြည်သူများများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် စားသောက်ဆိုင်များ တွင် စားသောက်ကြခြင်းမပြုကြရန် ပုဂံပြည်ဘီလူးတပ် သတိပေးထားသည်။

 

ပုဂံမြို့သည် ရေပေါဆီလူတန်းစားများ အပန်းဖြေသည့် နေရာမဟုတ်ပဲ တစ်တိုင်းပြည်လုံး ဒုက္ခ ဆင်း ရဲ ရောက်ရှိနေချိန်တွင် ပုဂံမြို့ကိုလာရောက် ပျော်ပါးနေကြသည်မှာ မြင်၍မကောင်းကြောင်း၊ ပုဂံကို လာရောက်၍ အပန်းဖြေ အပျော်ခရီးလာသည့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းများ၊ စစ်ကောင်စီထောက်တိုင်များ ပိုင်ဆိုင်သည့် စားသောက်ဆိုင်များတွင် မစားသောက် ခြင်းဖြင့် ပုဂံပြည်ဘီလူးတပ်ကမေတ္တာရပ်ခံအသိပေးထားသည်။

 

“ပုဂံ ဆိုတာ ရေပေါ်ဆီ တွေ အပန်းဖြေတဲ့ နေရာ မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး ဒုက္ခ ဆင်းရဲ ရောက်နေတဲ့ အချိန်မှာ ပုဂံမှာ လာပြီ ပျော်ပါးနေကြတာမြင်လိုတောင် မကောင်းပါဘူး။ သီတင်း ကျွတ် ကာလ အတွင်း ပုဂံ လာပြီး အပန်း အပျော်ခရီး လာတဲ့ လူတွေ အနေနဲ့စစ်ကောင်စီ ယာဥ်တန်းတွေနဲ့ အဝေးဆုံးနေပေးကြဖို့၊ စကစထောက်တိုင် ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်တွေမှာ မစားသောက်ကြဖို့ သတိပေးချင်ပါတယ်။ သတိပေး ချက်ကိုမလိုက်နာပါက ဖြစ်ပေါ်လာ တဲ့ ဆက်တွဲပြသနာက လူကြီးမင်းတို့ အပြစ်သာဖြစ်ပါတယ်” ဟု ပုဂံပြည်ဘီလူတပ်တာဝန်ရှိသူတစ် ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *