Magway News

0 0
Read Time:2 Minute, 48 Second

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

 

D Day News

အောက်တိုဘာလ ၁၄

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ၅ ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ် ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် တစ်လုံးပျက်စီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီ ၃ မိနစ်အချိန်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြင်း ဇာကျေးရွာနှင့်အနီးတဝိုက်ကိုလည်းကောင်း၊ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ဂန့်ဂေါမြို့နယ် အ တွင်း ရှိ လာပို့ရွာကို ဗုံးသီး ၂ လုံး၊ ကန်ရွာကို ဗုံးသီး ၂ လုံး၊ ဘော်ပြင်းရွာကို ဗုံးသီး ၂ လုံး၊ ကျွန်းခုံသာ ရွာကို ဗုံးသီး ၁ လုံး စုစုပေါင်း ၇ လုံးတို့ကို ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဂန့်ဂေါမြောက်က နေရာ ၅ မှာ လေကြောင်းက‌နေတိုက်ခိုက်သွားတာ၊ တိုက်ပွဲဖြစ်တာတွေ ဘာ တွေ မရှိဘူး။ ကျွန်းခုံသာ တစ်လုံး၊ ကံရွာ ၂ လုံး၊ ဘောပြင်းကြိုးတံတား ၂ လုံး၊ လာပို့ ၂ လုံး၊ အထိ အခိုက်က ရှိတယ်လို့တယ်၊ တချို့နေရာတွေ အတည်ပြုလို့တော့ မရသေးဘူး။” ဟု ယောအလင်း တန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လာပို့ရွာမှ အမျိုးသားတစ်ဦး ၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ဘော်ပြင်းရွာ၌လည်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး အခြားထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လေကြောင်းဖြင့် လာရောက်ကြဲချခဲ့သည့် စစ်ကောင်စီတပ်မှာ မိတ္ထီလာမြို့၊ ရှမ်းတဲလေး အခြေ စိုက်လေတပ်မှ ပျံတက်လာကာ ဂျက်ဖိုက်တာလေယာဉ်ဖြစ်ပြီး ကလေးမြို့နယ်တောင်ပိုင်းက တဆင့် ပျံသန်းဝင်ရောက်လာကာ လှည့်ပတ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင်လည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း အရှေ့ဖက်တောင်ကြောပေါ်တွင် ကင်းထောက်လေ ယာဉ်တစ်စီး ပျံဝဲကာ ကင်းထောက်စုံစမ်းခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *