Magway News

0 0
Read Time:2 Minute, 25 Second

ပွင့်ဖြူမြို့အဝင်၌ မတရား စစ်ဆေး ဖမ်းဆီး၊ ဆက်ကြေးကောက်နေသော ဂိတ်ကို အဝေးထိန်းမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲမေ တစ်ဦးအပါအဝင် ၃ ဦးအပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၁၄

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့အဝင် ဆိုင်းဘုတ်အနီး မတရားစစ်ဆေးဖမ်းဆီး၊ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူခရိုင်အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၁ ရက်န့က စလင်းမြို့ဘက်မှ လာပါက ပွင့်ဖြူမြို့သို့ အဝင် မြို့ဝင်ဆိုင်းဘုတ် အနီး၌ ဂိတ်ချပြီး ပြည်သူများကို မတရားဖမ်းစီးခြင်း၊ အမျိုးမျိုး ငွေညှစ်တောင်းခံခြင်းများ ပြုလုပ် နေ သော စစ်သား၊ ရဲ ပူးပေါင်းဂိတ်ကို မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းမှ အဝေးထိန်း မိုင်း အကြီးတစ် လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများအပေါ် ဆိုးရွားစွာ အတင်းအဓ္ဓမ အနိုင်ကျင့် ငွေတောင်း နေ သော ယာဥ်ထိန်းရဲမေ သဲသဲမွန်(ခ)ဖက်တီးမသည် ပြင်းထန်ဒဏ်ရာစိုးရဒဏ်ရာနှင့် အခြားယာဉ်ထိန်း ရဲ ၁ ဦး၊ စစ်သား ၁ ဦးတို့သည် မစိုးရိမ်ရ ဒဏ်ရာ အသီးသီးရရှိသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နိုင်ရန် အချိန်တစ်လခွဲဝန်းကျင် ကြိုတင်ပြင်ဆင်ကာ မိဘပြည်သူများ ထိခိုက်မှုမရှိ စေရန် ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် စ-က-စ ထောက်တိုင်များ ၊ အဆောက်အဦးများ ၊ စစ်ဆေးရေး ဂိတ်စခန်းများ နှင့် ဝေးဝေးရှောင်ကြဥ် ကြ ရန်နှင့် မပါတ်သတ်ကြရန် အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းလုံခြုံသော နေရာသို့ ရောက်ရှိပြီဖြစ်သဖြင့် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *