Mon State News

0 0
Read Time:2 Minute, 5 Second

သထုံမြို့ပေါ်ရှိ ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင် နယ်မြေစိုးမိုးရေးအတွက် PDF တပ်ဖွဲ့က ကင်း လှည့် (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၄

 

မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ စစ်တပ်ပတ်လည်၀ိုင်းရံထားသော ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင် နယ်မြေစိုးမိုးနိုင်ရေးအတွက် PDF တပ်ဖွဲ့ဝင်များက စစ်ကြောင်းဖြင့် ကင်းလှည့်ကာ လုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း သထုံမြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ သထုံမြို့နှင့်ပတ်ဝန်းကျင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး အတွက် သထုံမြို့ပြအထူးပြောက်ကျားတပ်ဖွဲ့က လှည့်လည်ခဲ့ရာ သထုံမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဝန်းရံထား သည့် မဂ္ဂါဝပ် ၃၀၀ ဖြန့်ဝေနေသော ဓာတ်အား စက်ရုံကိုပါ လုံခြုံရေးအတွက် လှည့်လည်ခဲ့ခြင်းဖြစ် ကြောင်း၊ သိရသည်။

“အဓိကတော့နယ်မြေစိုးမိုးရေး ကြိုတင်လှုပ်ရှားမှု ခေါင်းစဉ်ပေါ့။ လုံခြုံရေး အဖြစ် လှည့်လည်ခဲ့တဲ့ လျှပ် စစ် ဓာတ်အားပေးစက်ရုံက ထိုင်းအထိ ဆက်သွယ်ဓာတ်အားရောင်းနေတဲ့စက်ရုံ။ နောက်ပြီး စစ်တပ်တွေပတ်လည်ဝိုင်းထားတဲ့နေရာ။ တာယာစက်ရုံ နဲ့ ဓာတ်အားပေးစက်ရုံနှစ်ရုံရှိတယ်။ အဲ့ဒီမှာ တာယာစက်ရုံကတော့ရပ်ထားတယ်။ ဓာတ်အားပေးစက်ရုံကတော့ ၂၃၀ မဂ္ဂါဝပ်ဖြန့်ဝေနတဲ့ စက်ရုံ ပါ” ဟု သထုံမြို့ပြအထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သထုံမြို့နယ်အတွင်း၌ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ က စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *