Mandalay News

0 0
Read Time:2 Minute, 11 Second

ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

 

D Day News

အောက်တိုဘာလ ၁၄

 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း Wundwin Township Revolution Force – WTRF ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်းမြို့မ ရဲ စခန်း နှင့် ထွေအုပ်ရုံးကို ၄၀ မမဖြင့် ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံး အတွင်း၌ ၄၀ မမ ဗုံးသီး ၁ လုံး နှင့် ရဲစခန်းအတွင်း၌ ၄၀ မမ ဗုံးသီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

“ပစ်ခတ်ပြီး ပြန်လည် ဆုတ်ခွာလာတဲ့အချိန် ရခနဲ့ စခတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အများပြည်သူ နေထိုင်ရာ ရပ်ကွပ်တွေကို ရမ်းသမ်းပစ်ခတ်တာရှိတယ်။ ရခ၊ စခ ထိခိုက်သေဆုံးမှု ကတော့ မသိရသေးဘူး။ စခ၊ ရခတွေ ထိခိုက်သေဆုံးမှုရှိတဲ့သတင်းသိရတဲ့ပြည်သူတွေအနေနဲ့ ကူညီ သတင်ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်။ပြီးတော့ တိုက်စစ်အရှိန်မြှင့်တင်တော့မှာ ဖြစ်တဲ့ အတွက် မိဘပြည်သူတွေအနေနဲ့ အသွားအလာဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Wundwin Township Revolution Force – WTRF တပ်ဖွဲ့ဝင်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ လူနာတင်ကား အချို့ဖြင့် မတ္ထီလာဆေးရုံဘက်သို့ သယ်ဆောင်သွားမှုရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *