NUG News

0 0
Read Time:6 Minute, 0 Second

စစ်ကောင်စီတပ်သား ရဲဘော်များအနေဖြင့် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်၊အတွေးအမြင်ဖြင့် သုံးသပ် ဆုံးဖြတ်ပြီး မှန်ကန်သည့်ဘက်မှ ရပ်တည်သွားကြရန် စစ်သုံ့ပန်း ဗိုလ်ကြီးအောင်ကိုကို တိုက်တွန်း

 

D Day News

အောက်တိုဘာလ ၁၄

 

စစ်ကောင်စီတပ်အတွင်း တာဝန်ထမ်းနေသော ရဲဘော်၊ ရဲဘက်များအနေဖြင့် မိမိကိုယ်ပိုင်ဆုံးဖြတ် ချက်၊ အတွေးအမြင်ဖြင့် သုံးသပ်ဆုံးဖြတ်ပြီး မှန်ကန်သည့်ဘက်မှ ရပ်တည်သွားကြရန် စစ်သုံ့ပန်း ဗိုလ်ကြီးအောင်ကိုကိုက တိုက်တွန်းပြောကြားသည်။

 

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် NUG ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ် တင်ဆက်သည့် စစ်သုံ့ပန်းတို့ စကား ပြည်သူကြားစေ”အစီအစဥ်ဖြစ်၌ ဗိုလ်ကြီးအောင်ကိုကိုက ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဗျူဟာစခန်းသိမ်းတိုက်ပွဲတခု၌ လက်နက်ချခဲ့သည့် စစ်ဆင်​ရေး (G-3) အဆင့်ရှိ ဗိုလ်ကြီး ​တစ်ဦးဖြစ်ကြောင်း သိရသည်။

 

“နေရထိုင်ရတာ အကုန်အဆင်ပြေတယ်။ ပြီးတော့ ကျနော်တို့ကအစ ကျနော်တို့မပြောနဲ့ အောက် ခြေအဖွဲ့အစည်းတွေကအစ ဖမ်းဆီးချုပ်နှောင်တာ ထိုးတာကြိတ်တာနှိပ်စက်တာတွေလုံးဝမရှိဘူး။ အဲဒါကတော့ သေချာသိတာပေါ့။ ကျနော်လည်း အစက အဲလိုမထင်ခဲ့ဘူး။ တကယ့်လက်တွေမှာ တော့ တကယ်ပါ အပြစ်မရှိပဲနဲ့ အပြစ်ပေးတာတွေမလုပ်ဘူး၊ ဒါကတော့အမှန်တကယ်ပါပဲ။ ကျနော့် အနေနဲ့ပြောချင်တာက ဒီခေတ်ဆိုးပြီးပေါ့၊ အစစအရာရာခက်ခဲကြမ်းတမ်းပင်ပန်းနေတဲ့ခေတ် ကာလ ကြီးဟာ အတိုင်းအတာတစ်ခုအထိလည်းကြာလာခဲ့ပြီ။ အချိန်ကာလတစ်ခုအထိလည်း ရောက် လာခဲ့ ပြီဆိုတော့ ကျန်ခဲ့သူတွေ၊ အမှုထမ်းနေတဲ့သူတွေအနေနဲ့ မှန်ကန်တဲ့ဘက်ကပဲ မိမိကိုယ် ပိုင်ဆုံးဖြတ် ချက်၊ ကိုယ်ပိုင်အတွေးအမြင်နဲ့ သုံးသပ်ဆုံးဖြတ်ပြီးတော့မှ ရပ်တည်သွားကြပါလို့ပဲ ပြောချင်ပါ တယ်။” ဟု ဟု ဗိုလ်ကြီးအောင်ကိုကိုက ပြောကြားသည်။

ဗိုလ်ကြီးအောင်ကိုကိုနှင့် လက်အောက်ငယ်သားများသည် ဗျူဟာစခန်းအတွင်း ခုခံနေစဉ် အများ အပြားဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက စခန်းအတွင်းထိ ရောက်ရှိလာပြီး လက်နက်ချ ရမယ့်အခြေအနေအထိရောက်ခဲ့ရာ သတ်ဖြတ်ခြင်း၊ ထိုးကြိတ်နှိပ်စက်ခြင်း မပြုရန်နှင့် ဒဏ်ရာရ ရဲဘော်များကို ဆေးကုသပေးရန် ညှိနှိုင်းတိုင်ပင်ကာ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိ လိုက်ရ တဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင် တယ်။ ကျနော်တို့ တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ သူတို့ အရိပ်အခြေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် သူတို့ကလည်း စခန်းထဲတောင် ရောက်နေ ပြီ၊ သူတို့ အော်ပြောနေတာတွေတောင်ကြားနေရပြီ။ သူတို့စကားပြောသံတွေ ကောင်းကောင်းကြား နေရပြီ။ ကြားနေရတော့ ကျနော်လှမ်းအော်ပြောလိုက်တယ်ပေါ့။ “မင်းတို့ဘက်က ဒဏ်ရာရနေတဲ့ ငါတို့ တပည့် တွေ အကုန်လုံးသယ်ရမယ်။ ကုပေးနိုင်မလား။ ငါတို့အသက်အန္တရာယ်လည်း ဒုက္ခ မပေးရ ဘူးပေါ့။ အဲလိုဆိုရင် အဆင်ပြေတယ်ပေါ့။ နှစ်ဖက်ညှိနှိုင်းတော့ အဆင်ပြေတယ်၊ မင်းတို့ကို ဘာမှ မလုပ်ဘူး။ ထိုးကြိတ်တာတွေလည်းမလုပ်ဘူး။ ဒဏ်ရာရနေတဲ့လူတွေလည်း ကုပေးမယ်။ အဲ လို ပြောမှ ကျနော်တို့က နည်းနည်းစိတ်အေးသွားတာပေါ့။” ဟု ဗိုလ်ကြီးအောင်ကိုကိုက ပြောကြား သည်။

 

ထိုသို့ လက်နက်ချပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရိုရိုသေသေလေးလေးစားဖြင့် ဆက်ဆံခဲ့ သည့် ပစ္စည်းများကို ဝိုင်းသယ်ကူပေးခြင်း၊ လမ်းမလျှောက်နိုင်သူများကို ဆရာဝန်များနှင့် တိုက်ရိုက် ပြသကာ ဆေးကုသပေးခြင်း တို့လုပ်ဆောင်ပေးခဲ့ကြောင်း၊ စခန်းအပြင်၌လည်း မုန့်၊အချိုရေ၊ ရေသန့် မျိုးစုံဖြင့် ကျွေမွေးဧည့်ခံမှုကြုံတွေ့ရသဖြင့် ထပ်မံစိတ်အေးချမ်းမှုဖြစ်ခဲ့ရသည်ဟုဆိုသည်။

 

“စခန်းအပြင်သွားတော့ ဘာရှိလည်း ဆိုတော့ ကျနော်တို့က တစ်လကျော်လောက်အရဟာရက ပြတ် နေတာလေ။ ပြတ်နေတာဆိုတော့ တစ်ချို့ စစ်သည်တွေဆိုရင် တော်တော်ပိန်နေပြီ။ အသားတွေ တောင် ဝါနေပြီ။အပြင်ရောက်သွားတဲ့အချိန်မှာ ကျနော်ဝမ်းသာတာက မုန့်တွေရော၊ အချိုရည်တွေ ရော စားချင်တာယူစားပေါ့။ ကျနော်တို့အဖွဲ့တွေ တပည့်တွေကလည်း ယူကြတာပေါ့။ ကိုယ်တွေ လည်း ယူစားတာပေါ့။ စားပြီးတော့ ကျနော်တို့ကို ကားနဲ့ နေရာတစ်ခုကို ခေါ်သွားတယ်။ ခေါ်သွား ပြီးတော့ နေရာတစ်ခုရောက်တော့လည်း ဘာလိုလဲ တဲ့၊ ဒီမှာ ချက်ဖို့ပြုဖို့ဘာလိုလဲတဲ့။ အများကြီး ဗျာ။ လူကများတော့ ဘာလိုလည်းမေးတယ်။ မေးတော့ ကျနော်တို့ဘာလိုလည်းဆိုတော့ ဒါတွေ၊ ဒါတွေလိုတယ်ဆိုတော့ အကုန်ဖြည့်ဆည်းပေးတယ်။ ဒီစား ဖို့သောက်ဖို့၊ အသားဟင်း၊ငါးဟင်းကအစ ကုန်ဖြည့်ဆည်းပေးတယ်။ ကြက်သွန်အစ ကုန်ကုန်ပြောရရင် စီးဖို့ဖိနပ်၊ စောင်ကအစ အကုန်ဖြည့် ဆည်းပေးတယ်။ အဲဒီအချိန်ကျမှ ကျနော်တို့ က စိတ်အေးရတယ်။ တကယ်တော့ ငါတို့ထင်သလို မဟုတ်ဘူးပေါ့။ ပြောတဲ့အတိုင်းလည်း ကတိတည်တယ်၊ တော်သေးတယ်လို့ ကျနော်တွေးမိတယ်။” ဟု ဗိုလ်ကြီးအောင်ကိုကိုက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *