Yangon News

0 0
Read Time:2 Minute, 47 Second

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၃

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ အောက်တိုဘာလ ၁၃ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံးဖြင့် တပြိုင်တည်း ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်မှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဗုံးပစ်တိုက်ခိုက်ခဲ့သည့် မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ဗုံးသီး ၃ လုံးစလုံး ပြိုင်တူ ပစ်သွင်းခဲ့တာ၊ ၂ လုံးက အားပြင်းတယ်၊ တစ်လုံးကတော့ အားပျော့ တယ်။ စခတွေတော့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လှည့်ပတ်စစ်ဆေးနေတယ်။ အကြမ်းဖက်စစ် ကောင်စီ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကင်းစခန်း၊ ရဲစခန်း၊ ထောက်တိုင်တွေနဲ့ဝေးဝေးနေပေးကြဖို့မေတ္တာရပ်ခံ ချင်ပါတယ်၊ ပြီးတော့ ရန်ကုန်မြို့ပြ UG တပ်ဖွဲ့ဝင်တွေကို ပစ်မထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ရန်ကုန်မြို့ပြ UG တွေက အဖမ်းခံရရင်သေမှာသိသိကြီးနဲ့ လုပ်နေကြရတာပါ” ဟု မြောက်ဥက္ကလာ ပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီ က ကျင်းပပြုလုပ်မည့် မတရားရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း၊ မုဒိမ်းမှုကျူး လွန်သူ တရားခံတစ်ဦးထံမှ လာဘ်လာဘငွေကြေးရယူကာ ပြန်လွှတ်ပေးခြင်း၊ ပြည်သူလူထုအပေါ် မတရားဖိနှိပ်နေခြင်းတို့ကို ရပ်ကွက်နေပြည်သူများက တိုင်ကြားသဖြင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ် ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *