Bago News

0 0
Read Time:1 Minute, 41 Second

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံး၊ စစ်တပ် က ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

 

D Day News

အောက်တိုဘာလ ၁၃

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး စစ်တပ်က ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေး ရွာ အုပ်စု ရဲကင်းစခန်းမှ ရေတာရွာဘက်ကို ထွက်လာသော အင်အား ၃၀ ကျော်ပါ အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို ဝိုင်းရွာထိပ် ဂုံးပေါက်ကြီး အကျော် ဝိုင်းအုပ်စု ဆေးရုံအရှေ့တွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများပြားထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ဝိုင်းကျေးရွာအုပ်စု ဆေးရုံအရှေ့မှ ပြည်သူ ၂၀ ဦးခန့်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *