PNLA News

0 0
Read Time:5 Minute, 30 Second

ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့ကို PNLO က ထုတ်ပယ်၊ PNLO အမည်ကို အလွဲသုံးစားပြု၍ PNLO NCA-S ဟူသော အဖွဲ့ကို ဖွဲ့စည်းခဲ့မှုသည် တရားဝင်မှုမရှိသည့် အပြင် PNLO အမည်ထည့်သွင်းမှုကို ခွင့်မပြုကြောင်း PNLO ဗဟိုက ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁၃

 

ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့ ၃ ဦးကို PNLO က ထုတ်ပယ်လိုက် ပြီး PNLO အမည်ကို အလွဲသုံးစားပြု၍ PNLO NCA-S ဟူသော အဖွဲ့ကို ဖွဲ့စည်းခဲ့မှုသည် တရားဝင်မှု မရှိသည့် အပြင် PNLO အမည်ထည့်သွင်းမှု ကို ခွင့်မပြုကြောင်း PNLO ဗဟိုက ထုတ်ပြန် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၏ တတိယအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီနှင့်တပ်မှူးများ အရေး ပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ရာ ဥက္ကဌ အဖွဲ့အပါအဝင် ဗဟိုကော် မတီဝင် ၁၅ ဦးနှင့် တပ်ဗိုလ်၊ တပ်မှူးများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

PNLO ၏ ဦးဆောင်နာယက တာဝန်ယူထားသော ဗိုလ်မှူးကြီးခွန်ဥက္ကာသည် ၂၀၂၄ ခုနှစ် စက်တင် ဘာလ (၁၀) ရက်နေ့ ရက်စွဲဖြင့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) နန်းယဉ်ယဉ်စိုးတို့သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ တွင် ကျင်းပခဲ့သော PNLO ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး၌ အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်းကို နှုတ်အားဖြင့် အသီးသီးတင်ပြခဲ့ကြသည်။

အဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်း ယဉ်ယဉ်စိုးတို့အား နုတ်ထွက်ခွင့်ပြုကြောင်း ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်အတည် မပြုမီ ကာလတွင် PNLO အမည်ကို အလွဲသုံးစားပြု၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ၌ PNLO NCA-S ဟူသော အဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သောကြောင့် PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သည်မှာ ထင်ရှားကြောင်း PNLO ဗဟိုက ထောက်ပြထားသည်။

 

ထို့ကြောင့် ယခု ဗဟိုကော်မတီနှင့်တပ်မှူးများအရေးပေါ်အစည်းအဝေး၌ PNLO ၏ အခြေခံမူနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သော ဖြားခွန်ဥက္ကာ၊ ခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့ ၃ ဦး အား အဖွဲ့ချုပ်မှ ပေးအပ်ထားသော ရာထူးနှင့်တာဝန် အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်၏ အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းနှင့် ထုတ်ပယ်ခံရသူ (၃)ဦးသည် လာမည့် PNLO ၏ စတုတ္ထ အကြိမ်ညီလာခံတွင် အယူခံဝင်ခွင့်ရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

PNLO သည် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစ၍ NCA ပါ သဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်သည့် အခင်းအကျင်းမရှိတော့သော်လည်းNCA ၏ အနှစ်သာရ အချက် ၃ ချက်ဖြစ် သော (က) နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး (ခ) သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး (ဂ) အရပ်သားများအကာအကွယ်ပေး ရေးတို့ကို၂ဝ၂၄ ခုနှစ် ဇန္နဝါရီလ ၂၀ ရက်နေ့ထိ ၃ နှစ်တိုင်တိုင် ပါဝင်ကြိုးပမ်းခဲ့ကြောင်း ပြောဆို ထားသည်။

 

စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် (၈) နှစ်တိုင် တိုင် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံ ရေးရလဒ်များ ရရှိခဲ့ခြင်းမရှိခဲ့သည့်အပြင် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထု၏ အသက် အိုးအိမ်စည်း စိမ်များကို စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဖျက်ဆီးနေသောကြောင့် ပအိုဝ်း အမျိုးသားလွတ် မြောက်မှု တတိယတော်လှန်ရေးအား ဦးဆောင်ဆင်နွဲရန် ၂၀၀၉ ခုနှစ် ပအိုဝ်း အမျိုးသားညီလာခံ ကြီးက ချမှတ်ပေးထားသော အခြေခံမူများနှင့်အညီ PNLO သည် လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည်ဆင်နွှဲနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထို့ကြောင့် ဖြားခွန်ဥက္ကာဦးစီးဖွဲ့စည်းသော PNLO-NCA-S သည်တရားဝင်မှု မရှိသည့်အပြင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟူသောအမည် ထည့်သွင်းအသုံးချမှုကို ဆန့်ကျင်ကန့် ကွက် ကြောင်းနှင့် အဖွဲ့ချုပ်အမည်အား အသုံးပြုခြင်းကို ခွင့်မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *