Tanintharyi News

0 0
Read Time:2 Minute, 19 Second

ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၃

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် ပြည်သူ များကို နည်းမျိုးစုံဖြင့် အကြမ်းဖက် စစ်ဆေးနေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ် ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီ ဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ အများ အပြား ဒဏ်ရာရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၂၀ တောင့်၊ 5.56 ကျည် ၆၀၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ ဓား ၁ လက်၊ စကားပြောစက် ၁ လုံး၊ 79 သီး ၆ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကျည်ကာပြား ၁ ခု၊ အီကွေးမန့် ၁ ခု၊ Drone ၁ စင်း (DJI Air 3)112 V Battery ငယ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ နှင့် က္ကားသစ္ဆတ် (ကျားသစ်နက်) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင် ကြရန် ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *