Sagaing News

0 0
Read Time:2 Minute, 54 Second

ဘုတလင်မြို့တွင် စစ်ကောင် ကလေး ၃ ဦး အပါအဝင် စစ်တပ်ထောက်ခံသူ မိသားစုဝင် ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်

D Day News
အောက်တိုဘာလ ၁၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အသက် ၇ နှစ်နှင့် အသက် ၁၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။

 

အောက်တိုဘာလ ၁၁ ရက် ည ၁၁ နာရီအချိန်တွင် ဘုတလင်မြို့တစ်မြို့လုံးကို အကြမ်း ဖက်စစ်တပ် စစ်ကြောင်းထိုးကာ လှည့်လည်သောင်းကျန်းနေသဖြင့် မြို့နေပြည်သူများမှာ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရကြောင်း၊ ထိုသို့ ပြည်သူများ ထွက်ပြေးကြသော်လည်း ဘုတလင်မြို့ ဗန္ဓုလရပ် ကွက်သစ်၊ သဖန်းလမ်းဆုံရှိ ဦးဖိုးကြာ + ဒေါ်သင်းကုန်စုံဆိုင်နေမိသားစုမှာ စစ်တပ်ထောက်ခံသူ မိ သားစု ဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်း မရှိခဲ့ရာက သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“စကစ တွေ မြို့ထဲကို အင်အားအလုံးအရင်းနဲ့ပတ်မွှေနေတာ၊ တမြို့လုံးလိုလို ထွက်ပြေးနေကြ တယ်၊ အဲ့ဒီမိသားစုက ထွက်မပြေးဘဲ ကျန်နေခဲ့တာဗျ၊ မနက် ၁၂နာရီခွဲက ဖြစ်သွားတာ၊ သူတို့က စစ်တပ်ထောက်ခံတဲ့ မိသားစုတွေ မကြောက်တော့မပြေးတာပေါ့ ဟိုက(စကစ)စစ်ကြောင်းက ရက်ရက်စက်စက်သတ်သွားတာ၊မွေးစားတူမလေးက ကိုင်ပေါက်သတ်ခံရတာ၊ကျန်တဲ့ မိသားစု ၄ ယောက်လုံးက လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကိုသေနတ်နဲ့တေ့ပစ်သတ်ခံရတာ”ဟု ဒေသသတင်း ရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ် ရက်ရက်စက်စက်သတ်ဖြတ်ခံရသူများမှာ အသက် ၆၁ နှစ်အရွယ် ဦးဖိုးကြာ၊ အသက် ၅၀ အရွယ် ဒေါ်မာသင်း၊ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူ မသဲသဲ၊ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ရွှေဖြိုးအောင် ၊ အသက် ၁၄ နှစ်အရွယ် မွေးစားသမီး နှင့် အသက် ၆ နှစ်အရွယ် တူမဖြစ်သူတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အတွင်းမှ အောက်တိုဘာလ ၄ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာ ကာ လှည့်ပတ်သောင်းကျန်းနေခြင်းဖြစ်ပြီး ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လည်း ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *