Mandalay News

0 0
Read Time:3 Minute, 52 Second

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက် မနည်း သေဆုံးဟုဆို

 

D Day News

အောက်တိုဘာလ ၁၂

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာနှင့် မိုးတောင်ကျေးရွာအကြားတွင် အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို ၀ိုင်းဝန်းစုပေါင်း ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း သေခဲ့ဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် တံတားဦးမြို့၊ ငါန်းဇွန်မြို့နှင့် မြို့သာ မြို့တို့မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာခဲ့ရာ မိုးတောင်ရွာနှင့် ငါန်းမြာကျေး ရွာ အကြား အရောက် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့အကြမ်းဖက် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများ ပါစစ်ကူများ အင်အားဖြည့်လာခဲ့ရာ နေ့လည်ပိုင်းတွင်တစ်ကြိမ်၊ ညနေ ၃ နာရီခန့်တွင် တစ်ကြိမ်  ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများလည်း ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။

 

“မနက် ၅ နာရီအချိန်ကစလို့ စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း စထိုးလာတာ။ ကျနော်တို့ မိုးတောင်ရွာ နဲ့ ငါန်းဇွန်ရွာရောက်တော့ ပြည်သူကာကွယ်ရေးတပ်နဲ့ တိုက်ပွဲစဖြစ်တယ်။ ဖြစ်တဲ့ အချိန်က မနက်ခင်းပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်မှာ၁ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ် စုစုပေါင်း တစ်ရက်တည်းနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်။ ရွာ အနီးတစ်ဝိုက်က ကျေးရွာတွေနဲ့ ကျနော်တို့ ရွာက ပြည်သူတွေ အကုန်နေရပ်စွန့်ခွာနေကြရတယ်။ နှစ်ဖက်ထိ တွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက် ကတော့ အကြမ်းဖျဉ်း ၁၅ ဦးလောက်တော့ သေတယ်” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားများသည် မိုးတောင်ရွာထဲသို့ ပြန်ဆုတ်သွားပြီး နေ့လည်ပိုင်းတွင် ထပ်ထွက်ခွာလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိုးတောင်ရွာထဲသို့ ထပ်မံပြေးဝင်သွား ကြောင်း သိရသည်။

 

ညနေ ၃ နာရီ ခန့်တွင် ပေါက်တောချောင်ရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ နံသာလှိုင်ကျေးရွာ ဘက်မှ စစ်ကြောင်း တစ်ကြောင်းဖြင့် စစ်ကူရောက်ရှိလာခဲ့သည့်အပြင် ဆီမီးခုံဆိပ်ကမ်း၌ ညဘက် အထိုင်ချထားသော ရေတပ်ကလည်း စစ်သင်္ဘော ၂ စီးဖြင့် ဆန်တက်လာကာ မြစ်သာရွာဆိပ်ကမ်း၌ အထိုင်ချ၍ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အင်အား အများအပြားဖြင့် ဝိုင်းဝန်းတိုက်ခိုက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲတွင် ငါန်းဇွန် ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း ၆ ၊ TGYR အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *