Sagaing News

0 0
Read Time:2 Minute, 6 Second

ရေဦးမြို့ ရွှေကျီးမင်းဂိတ်၊ ရေဦးမြို့ရဲစခန်းနှင့်အောင်သာယာပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၀ ဦးသေဆုံးဟု ဆို

 

D Day News

အောက်တိုဘာလ ၁၂

 

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်ရှိ ရေဦးမြို့အထွက် ရွှေကျီးမင်းဂိတ် ၊ ရေဦးမြို့မရဲစခန်းနှင့် အောင်သာ ယာရွာ ပျူစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF ထံမှ သိရသည်။

 

စက်တင်ဘာ လ ၂၁ ရက်နေ့ ရွှေကျီးမင်း စကစဂိတ်အား Fixed-Wing Drone များဖြင့် ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစ တပ်ကြပ် ၁ဦးအပါအဝင် ၄ ဦး သေဆုံး၍ အများအပြားထိခိုက် ဒဏ်ရာ ရရှိကြောင်း သိရသည်။

အောက်တိုဘာ ၂ ရက်နေ့တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သား၊ ရဲများ တပ်စွဲထားရာ ရေဦးမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ လိုင်းခန်း၂ ဆောင်မီးလောင်ပြာကျပြီး ကျည် သေတ္တာ ၆ ပုံး၊ သေနတ် ၄ လက် မီးလောင်ပျက်စီး၍ အကြမ်းဖက် စစ်သား ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၅ ရက် နေ့တွင် အောင်သာယာပျူရွာအထိုင်စခန်းအား Fixed-Wing Drone များ ဖြင့် ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာ ၁၀ ရက်နေ့တွင် ရေဦးမြို့အထွက်ရှိ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်အား Fixed-Wing Dron eများဖြင့် ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဂိတ်ရှိ အရေးပါသူ ၁ ဦးနှင့် ပျူစောထီး ၃ ဦး သေ ဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *