Magway News

0 0
Read Time:2 Minute, 37 Second

ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ နယ်မြေရှင်းလင်းစဉ်အကြမ်းဖက်စစ်သားများက သတ်ဖြတ်ခဲ့သည့် ဇီးကုန်းရွာမှ ဘုန်းကြီး တစ်ပါး၊ ပြည်သူ ၂ ဦး၏ ရုပ်အလောင်းတို့ကို တွေ့ရှိ

 

D Day News

အောက်တိုဘာလ ၁၂

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီးအကြမ်းဖက်စစ်သား ၈ ဦး သေဆုံး ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် နံနက် ၅ နာရီခန့်က ရေစကြိုမြို့၊ ခလရ ၂၅၆ တပ်ရင်းမှ ထွက် လာသောအင်အား ၇၀ ခန့်ပါစစ်ကြောင်းသည် ဇီးကုန်းကျေးရွာမှ တဆင့်ဆက်လက် ထွက်ခွာလာခဲ့ သဖြင့် ဇီးကုန်းကျေးရွာနှင့် ဇီးကုန်းကျွန်းကြားနေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရ သည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ အကြမ်းဖက်စစ်သားများ အသုံးပြုသည့် MA3 အမျိုးအစား သေနတ် ၁ လက် ၎င်းကျည်ဘောက် ၄ ဘောက် MA11 အမျိုးအစား သေနတ် ၁ လက် နှင့် ၎င်းကျည်ဘောက် ၃ ဘောက် ၊ 5.56 mm ကျည်၂၇၅ တောင့် ၊ အီနာဂါဗုံးသီး ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပ.က.ဖ) မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည် အတွက် ရဲဘော်နွေဦး၏ အသက် ပေးဆပ်ခဲ့ကာ ကျန်ရဲဘော် ၂ ဦးမှာလည် အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၂ ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် ဇီးကုန်း ကျေးရွာမှ ဖမ်းဆီးလာသော ဘုန်းကြီးတစ်ပါး၊ ပြည်သူ ၂ ဦး၏ ရုပ်လောင်းများနှင့် အကြမ်းဖက်စစ် သား ၆ ဦး၏ ရုပ်အလောင်း ၆ လောင်း မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိရကြောင်း ရေစကြိုပကဖက ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *