Kyuk Pa Daung News

0 0
Read Time:2 Minute, 37 Second

ကျောက်ပန်းတောင်းမြို့နယ်တွင် PDF ကို စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး ဖိုးထော်(ခ) သိန်း မြင့်နှင့်သားဖြစ်သူ ပျူတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၉

 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF ကိုစိန်ခေါ်ထားသည့် အုပ်စုအုပ်ချုပ်ရေးမှူး ဖိုးထော် (ခ) သိန်းမြင့်နှင့် သားဖြစ်သူပျူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Magway Guerrilla Warfare (မကွေးပြောက်ကျား တပ်ဖွဲ့) ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၁၁ နာရီ ၄၂ မိနစ်ခန့်က ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ခပေါင်းကုန်ကြီးအုပ်စု၊ တံခွန်တိုင်ကျေးရွာနေ အုပ်စု အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဖိုးထော် (ခ) သိန်းမြင့်နှင့် သားဖြစ်သူ ပျူသင်တန်းဆင်း ဝင်းမင်းသန့်တို့အား နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ၁၄ ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်) တို့ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

သေဆုံးသူ အုပ်စုအုပ်ချုပ်ရေးမှူး ဖိုးထော် (ခ) သိန်းမြင့်ဆိုသူသည် (၈၈) မျိုးဆက် စီးပွားရေးခရိုနီ အရင်းရှင်တစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း လျှပ်စစ် မီတာခများ အတင်းအဓမ္မကောက်ယူခြင်း၊ ပျူ ၁၃ ဦးကို ဦးဆောင်၍ သင်တန်းပေး၊ “ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့” ဟု စိန်ခေါ်ခြင်း၊ သားဖြစ်သူ ဝင်း မင်းသန့်မှာလည်း ပျူသင်တန်းဆင်း ဖြစ်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်) ပူးပေါင်းအဖွဲ့အနေဖြင့် နေရာဒေသမရွေးပဲ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ဖက်ဆစ်အဏာရှင်စနစ်ကျဆုံးသည် အထိ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ပြီး မိဘပြည်သူလူထု အနေဖြင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် နှင့် အကြမ်းဖက် စစ်သား ရဲ များအနီးသွားလာရာတွင် အထူးသတိထားသွားလာကြပါရန် မေတ္တာရပ်ခံ အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *