Magaway Jail News

0 0
Read Time:5 Minute, 18 Second

မကွေးအကျဉ်းထောင်အတွင်း၌ NLD ပါတီဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင် ကွယ်လွန်ခြင်းအထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးပါရန် သဘောထားထုတ်ပြန်တောင်းဆို

 

D Day News

အောက်တိုဘာလ ၁၂

 

မကွေးတိုင်း၊ မကွေးမြို့ရှိ အကျဉ်းထောင်အတွင်း၌ NLD ပါတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ကြကြောင်း နိုင်ငံရေး အကျဉ်းသားများထံမှ သိရသည်။

 

အောက်တိုဘာလ ၇ ရက် နံနက်အစောပိုင်း ၃ နာရီခန့်တွင် NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့် မောင် ကွယ်လွန်ခြင်းပတ်သက်၍ မကွေးအကျဉ်းထောင်အတွင်း၌ အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများက အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းခြင်းများနှင့် ဗုဒ္ဓဘာသာတို့၏ ထုံတမ်း အစဉ်အလာအရ ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင်အား အထူးရည်စူး၍ မေတ္တာပို့ အမျှပေးဝေ ခြင်းများကို ညစဉ် ၈ နာရီ လုပ်ဆောင်ကြကြောင်း သိရသည်။

 

ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့စ၍ တန်းဖွင့် ၊ တန်းပိတ်ချိန်ဖွင့် လူစာရင်းစစ်ချိန်တွင် အကျဉ်း ထောင်မှ ချမှတ်ထားသည့် “မင်္ဂလာပါ” ဟူသော စကားရပ်အား ပြော ဆိုခြင်းကို လုံးဝ (လုံးဝ) ရပ် ဆိုင်ခြင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ၁၂ ရက်နေ့အထိ ပရိတ်ရွက်ဖတ်ခြင်း၊ ပဌာန်း ဒေသနာ တောင် ရွက်ဖတ်ခြင်း ၊ မေတ္တာပို့အမျှဝေခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

အလားတူ နေ့စဉ်အလိုက် ကဗျာရွတ်ဖတ်ခြင်းများ၊ Silent Strike ပြလုပ်ခြင်းများ အပြင် အောက်တို ဘာလ ၁၂ ရက် နံနက် ၉ နာရီ နာရီတွင် ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ နိုင်ငံရေး အကျဉ်း သား ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကပ်ခြင်းနှင့် ပရိတ်တရားနာကြားခြင်း၊ မေတ္တာ ပို့အမျှဝေခြင်း၊ ညနေ ၃ နာရီအချိန်တွင် ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင် အတွက် အောက်မေ့ ဖွယ်အခမ်းအနားပြုလုပ်ခြင်း၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ‘ဝမ်းနည်းကြောင်း သဝဏ်လွှာ’ ပေးပို့ခြင်းနှင့် သဘောထားထုတ်ပြန်ချက် ကြေညာခြင်းတို့ကို လှုပ်ရှားပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အကျဉ်းကျခံနေရစဉ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အကျဉ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေး ကုသမှု မရရှိခြင်း၊ ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများမရှိခြင်း ၊ ပြင်ပဆေးရုံတွင် မဖြစ် မနေ တက်ရောက်ကုသရန် လိုအပ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ဆေးဝါးကုသခွင့် ငြင်း ပယ်ခံခြင်း၊ အကျဉ်းထောင်အတွင်း ကိုယ်စိတ်နှလုံး ဆင်းရဲစေရန် ဖိနှိပ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း မကွေး အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက သဘောထား ထုတ်ပြန်ထားသည်။

 

ဒေါက်တာဇော်မြင့်မောင် စတင်ဖမ်းဆီးခံချိန်မှစ၍ သေဆုံးချိန်အထိ ကိစ္စအလုံးစုံကို စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်သည့်အပြင် ဒေါက်တာ ဇော်မြင့်မောင်သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားအားလုံးမှ ပြင်းထန်စွာ တုံ့ပြန်သွား မည်ဖြစ်ကြောင်း၊ ထို့အပြင် အကျဉ်းထောင်အသီးသီးတွင် မတရား အကျဉ်းချခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ NLD နာယက ဦးဝင်းထိန် ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ ၊ဝန်ကြီးများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ ၊ နိုင်ငံ ရေး အကျဉ်းသားများအားလုံး၏ မည်သည့်ကိစ္စရပ်မဆို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

 

သို့ပါ၍ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် ၊ ဥရောပသမဂ္ဂ ၊ အာစီယံအဖွဲ့ချုပ် နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက် ရောက် အရေးယူပေးပါရန် တိုက်တွန်းတောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *