Jail News

0 0
Read Time:1 Minute, 33 Second

စစ်တွေထောင်မှ ပြောင်းရွှေ့လိုက်သော နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦး ပုသိမ်ထောင်သို့ ရောက်ရှိ

 

D Day News

အောက်တိုဘာလ ၁၂

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဉ်းထောင်မှ ပြောင်းရွှေ့လိုက်သော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၅၁ ဦး ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းက ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး စား သောက်နေထိုင်ရေး အခက်အခဲများနှင့်ရင်ဆိုင်နေရသဖြင့် ကူညီထောက်ပံ့လိုသော မိဘပြည်သူများ အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ တဆင့် ငွေကြေး ပျောက်ဆုံးမှုမရှိစေပဲ ထိရောက်စွာ ကူညီပေး၍ရကြောင်း အသိပေးအပ်ထုတ်ပြန်ထားသည်။

 

ငါတို့မှာငါတို့ပဲရှိတယ်ဆိုသည့် စကားလုံးသည် စကားလုံးအဖြစ်ရှိနေရုံမဟုတ်ပဲ လက်တွေ့လုပ် ဆောင်ကြခြင်းဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ၊ LGBT+ များနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုလည်း ကူညီနိုင်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *