NUG News

0 0
Read Time:6 Minute, 3 Second

ပင်လည်ဘူးမြို့သည် ဧရာဝတီမြစ်ဝှမ်းနှင့်ချင်းတွင်းမြစ်ဝှမ်းဆက်သွယ်ထားသော မဟာဗျူကျသည့် မြို့တစ်မြို့ဖြစ်ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည့် မဟာဗျူဟာ ထိုးစစ်အောင် ပွဲကြီးဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ဖော်ပြောဆို

 

D Day News

အောက်တိုဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သည် ဧရာဝတီမြစ်ဝှမ်းနှင့်ချင်းတွင်းမြစ်ဝှမ်းဆက် သွယ်ထားသော မဟာဗျူကျသည့် မြို့တစ်မြို့ဖြစ်ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင် ခဲ့သည့် မဟာ ဗျူဟာ ထိုးစစ်အောင်ပွဲကြီးဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလိုက်သည်။

 

ဩဂုတ်လ ၁၅ ရက်နေ့တွင် ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအား စတင်ခဲ့ရာ အောက်တိုဘာလ ၈ ရက် နေ့အထိ ၅၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ် သား ၇၀ ဦးခန့် သေဆုံးကာ ၂၇၅ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ဒဏ် ရာရရှိသူ ၂၂၅ ဦးအနက် ၆၀ ဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ ပန်း အဖြစ် ၁၀၂ ဦး ဖမ်းဆီးရရှိခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနှင့် ဆက် စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စစ်ဆေးရာတွင် မူးယ စ်ဆေးဝါးများ သုံးစွဲထား သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်စစ်သားများ အဓိက အခြေပြုနေ သည့် ရဲစခန်းအတွင်းမှ ဘိန်းမဲ အထုပ် ၁၈ ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်) ၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်း ရရှိခဲ့ကြောင်း ကြောင်း သိရသည်။

ပင်လည်ဘူးမြို့တွင် ယခင်အခြေချနေသော အကြမ်းဖက် စစ်သားအင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ကြောင်း၊ ထို့အပြင် မြို့သိမ်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ Y-8/ 12၊ Yak-130/ Mig-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော်၊ ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်ပြီး ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် ရန်သူ့တပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့ကာ မြေပြန့်ဒေသတွင် ထုအင်အား ဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ် ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း ၅ ကြိမ်မြောက် ဆင်နွှဲခဲ့ရပြီးနောက် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊စစ်ဆင်ရေးများအတွင်း မဆုတ်မနစ်သော ဇွဲ သတ္တိဖြင့် အသက်၊ခန္ဓာကိုယ်တို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြုဦးညွှတ်လျက် ယခုအောင်ပွဲမှ ရရှိသော အောင်စိတ်ဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

 

အဆိုပါ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ် ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာ ခရိုင် တပ်ရင်း (၇)၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကော လင်း မြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့က (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *