International News

0 0
Read Time:9 Minute, 36 Second

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် ယခင်ရရှိခဲ့ပြီးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တိုးတက်မှု များ ပြန်လည်ရရှိရန်နှင့် ၂၀၃၀ အာဂျင်ဒါကို အကောင်အထည်ဖော်ရန် တစ်ခုတည်းသော အလား အလာရှိသည့် လမ်းစဉ်ဖြစ်ဟု  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၁၂

 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် ယခင်ရရှိခဲ့ပြီးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တိုးတက်မှု များ ပြန်လည်ရရှိရန်နှင့် ၂၀၃၀ အာဂျင်ဒါကို အကောင်အထည်ဖော်ရန် တစ်ခုတည်းသော အလား အလာရှိသည့် လမ်းစဉ်ဖြစ်ကြောင်း  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားသည်။

 

အောက်တိုဘာလ ၁၀ ရက် နေ့က ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် – ၁၇ အောက်ရှိ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) အကောင်အထည်ဖော်ရာတွင် မျှော်မှန်း ထားသည့်အတိုင်း တိုးတက်မှုမရှိဘဲ နှေးကွေးဆုတ်ယုတ်နေခြင်း၏ နောက်ကွယ်တွင် ဘဏ္ဍာရေး ဆိုင်ရာ စိန်ခေါ်မှုများရှိနေခြင်းသည် အဓိကအကြောင်းရင်း တစ်ချက်ဖြစ်ပြီး၂၀၂၄ ခုနှစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ အစီရင်ခံစာသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံတွေ့ နေရ သော ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များ၊ ကြွေးမြီပြဿနာနှင့် မြင့်မားသော ဘဏ္ဍာရေး လိုအပ် ချက် များကို မီးမောင်းထိုးပြထားကြောင်း သိရသည်။

 

ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေ ကွာဟချက်ကို ပိုမိုလျော့ပါးစေရန် လုပ်ဆောင်မည့်အချက်လည်း ပါဝင်သည့် “Pact for the Future” ကတိပြုချက် ကို ပြီးခဲ့သည့် စက်တင်ဘာလက အတည်ပြုနိုင်ပြီး မြန်မာနိုင်ငံ အနေဖြင့် ကြိုဆိုပါကြောင်း၊ အလား တူပင် လာမည့်နှစ်တွင် ကျင်းပမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘဏ္ဍာငွေထောက်ပံ့ မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက် နိုင်ငံတကာညီလာခံသည် ၂၀၃၀ အာဂျင်ဒါ အကောင်အထည် ဖော်ခြင်းကို အရှိန်မြှင့်တင်စေနိုင်မည့် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာရန် မျှော်လင့်ပါကြောင်း ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် Myanmar Sustainable Development Plan (MSDP) မူဘောင် အကာင်အထည်ဖော်ဆောင်မှုနှင့် အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်း တိုင်များ (SDGs) အောင်မြင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမိုလာရောက်စေရန် ဆွဲဆောင်နိုင်ခဲ့ပြီး၊ ဘဏ်စနစ်၊ ဘဏ္ဍာရေး စနစ်များ သိသာထင်ရှားသော တိုး တက်မှုများ ရရှိခဲ့ကြောင်း သိရသည်။

 

သို့သော် အဆိုပါ တိုးတက်မှုများ အပါအဝင် ရရှိခဲ့သော တိုးတက်မှုများ အားလုံးသည် ၂၀၂၁ ခုနှစ် စစ်တပ်မှ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ကံမကောင်းစွာ ဆုတ်ယုတ် သွားခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် ရပ်တန့်နေပြီး နောက်ပြန် လှည့်နိုင်သည့် အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ် (World Bank) က ထုတ်ပြန်ထားသည်။

 

ပြည်တွင်းဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် အသေးစားချေးငွေ လုပ်ငန်းများ၊ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း အများအပြား အပါအဝင် သုံးစွဲသူ ၅ သန်း ကို ထိခိုက်ခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းများကြောင့် ပုဂ္ဂလိက ကဏ္ဍများတွင် လုပ်ကိုင်နေသူများ အပါအဝင် လူငယ်အများအပြားသည် နိုင်ငံအတွင်း ပုန်းအောင်း နေကြရပြီး၊ အချို့မှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယိုယွင်းလာသော စီးပွား ရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာခြင်းတို့က မြန်မာပြည်သူများကို ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ် အသက်ရှင် သန်မှုအပေါ်သာ အာရုံစိုက်နေကြရပြီး  မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်ရကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အဓိကအင်အားဖြစ်သော လူ လတ်တန်းစား များ ပျောက်ကွယ်နေပြီး လူတန်းစားမညီမျှမှုများမြင့်မားလာနေကြောင်း UNDP ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ သိရသည်။

 

တရားဥပဒေစိုးမိုးမှု လုံးဝမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုများ များပြားနေခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ online လိမ်လည်မှု၊ လူကုန်ကူးမှု နှင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် တရားမဝင် စီးပွားရေး အများအပြား အပေါ် ထပ်လောင်း အကျိုး သက်ရောက်ပြီး အခြေ အနေ ပိုမိုဆိုးရွား စေကြောင်း၊ UNCTAD ၏ အဆိုအရ မူးယစ်ဆေးဝါး တင်ပို့မှု တစ်ခုတည်းမှ ဖြစ် ပေါ် လာသော တရားမဝင် ငွေကြေးစီးဆင်းမှုများသည် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ၁,၃၄၇ သန်း အထိရှိနေကြောင်း၊ ယခုဖြစ်စဉ်များသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝ ပြောရေးကို ထိခိုက်သည့် အန္တရာယ်များဖြစ်သည်မှာ အလွန်ရှင်းလင်းကြောင်း ကုသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ်သံမတ်အကြီးဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုသည်။

 

ထို့ကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှု၊ အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုနှင့် အခွန် တိမ်း ရှောင် မှုတို့ကို တားဆီးကာကွယ်ရန်နှင့် တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကို အားကောင်း စေ ရေး အတွက် နိုင်ငံတကာအသိုက်အဝန်း၏ကူညီပံ့ပိုးမှုများကို အရေးတကြီး လိုအပ်ပါကြောင်း နှင့် “Pact for the Future” တွင် ပါရှိသည့် ကတိပြုချက်များကို တိကျစွာ လုပ်ဆောင်ပေးပါရန် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထား သည်။

 

အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ တရားမ၀င်အာဏာသိမ်းမှုတို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေးယိုယွင်းပျက်စီးမှုများ၏ မူလဇစ်မြစ်ဖြစ်ကြောင်း၊ တရားမ၀င် စစ်အာဏာ သိမ်းမှုနှင့် စစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပေါ် လာသည့် လက်ရှိအခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲကို ကျင်းပရန် သင့်လျော်သည့် အခြေအနေမဟုတ်ပဲ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် အကြမ်း ဖက် စစ်တပ်၏ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက် လျက်ရှိ ကြောင်း၊ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း က လည်း အလားတူ လုပ်ဆောင်သင့်ကြောင်း ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် မိမိတို့ယခင်ရရှိခဲ့ပြီးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ တိုး တက် မှုများ ပြန်လည်ရရှိရန်နှင့် ၂၀၃၀ အာဂျင်ဒါကို အကောင်အထည်ဖော်ရန် တစ်ခု တည်းသော အလားအလာရှိသောလမ်းစဉ်ဖြစ်သည်မှာ သိသာထင်ရှားကြောင်း ၎င်းက ဆက်လက်ထောက်ပြ ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *