International News

0 0
Read Time:10 Minute, 15 Second

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်အုပ်စုအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန် လိုအပ်

 

D Day News

အောက်တိုဘာလ ၁၁

 

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်အုပ်စုအပေါ် အမေရိကန်၏ဒဏ် ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန် လိုအပ်ကြောင်း The Sentry အဖွဲ့၏ တရားမဝင်ဘဏ္ဍာ ငွေမူဝါဒ ရေးရာ ဒါရိုက်တာ အိုလီဗာဝင်းဒရေ့ဂျ် နှင့် Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်တို့က ပူးတွဲ ထုတ်ပြန်ပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုအပေါ် ခုခံတော်လှန်မှုများ ကျယ်ပြန့်ပြင်းထန်လာသည့် အလျောက် စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွင် ဝေဟင်မှ ၎င်းတို့၏ လေ တပ်ကို မီးကုန်ယမ်းကုန် စတင်အသုံးပြုခဲ့ပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အမေရိကန် ပြည်ထောင်စုသည် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချ ထောက်ပံ့ရာတွင် ပါဝင်သည့် မည်သည့် လူ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအား ဒဏ်ခတ် ပိတ်ဆို့ခွင့်ပြုလိုက်သည့် ဗမာ(မြန်မာ)နိုင်ငံ ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို တိုးချဲ့ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ပြောဆိုချက် တွင်ဖော်ပြထားသည်။

 

သို့ရာတွင် အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများ သက်ဝင်စိုးမိုးရေး ဆောင်ရွက်မှုကင်းမဲ့ခြင်းကြောင့် ၁ နှစ် ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဝေဟင်မှ သွေးစွန်းလူသတ်ပွဲကြီးများ ဆက်လက်လုပ်ဆောင် နေနိုင် ဆဲ ဖြစ်ကြောင်း The Sentry အဖွဲ့၏ တရားမဝင်ဘဏ္ဍာ ငွေမူဝါဒရေးရာဒါရိုက်တာ အိုလီဗာဝင်း ဒရေ့ဂျ် နှင့် Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်တို့က က ထောက်ပြထား သည်။

 

မြန်မာစစ်အုပ်စု၏ အဆိုပါဝေဟင်မှဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် လေယာဥ်ဆီရောင်းချပေးနေသည့် နိုင်ငံတကာထောက်တိုင် အား လုံး၏ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ် ဆောင် ရွက်ရမည်ဖြစ်ပြီး စိတ်သဘောထားတူညီသည့် မိတ်ဖက်နိုင်ငံများသည်လည်း အလားတူ လေယာဉ် ဆီ ပိတ်ဆို့မှုများကို ချမှတ်ရန်နှင့် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ဆက်လက်‌ ထောက် ပြပြောကြားသည်၊။

Photo – အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် အမြောက်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက် စီး သွားသော လိုင်ဇာရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှ နေအိမ်အပျက်အစီးများကို ကြည့်ရှုနေ သော ပြည်သူတစ်ဦး

ယခုချက်ချင်းအရေးယူချမှတ်ရမည့်စာရင်းတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ် ပြုလုပ်ထားသည့် တရုတ်အလံလွှင့်ရေနံဆီသင်္ဘော HUITONG78 နှင့် လေယာဥ် လောင်စာဆီပို့ ဆောင်ရန် အမှန်တကယ်ဦးတည်လမ်းကြောင်းကို ဖုံးကွယ်ရန်အသုံးပြုခဲ့သည့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ် ခတ်ပိတ်ဆို့မှုစာရင်းတွင် ယင်းစစ်အုပ်စုနှင့်အတူ ပူးပေါင်းပါဝင်သူများအား ထည့်သွင်း စာရင်း ပေး ထားခြင်းအားဖြင့် ၎င်းတို့နှင့် အတူပူးပေါင်းလုပ်ဆောင်သည့် ဘဏ်၊ အာမခံကုမ္ပဏီနှင့် ဆိပ်ကမ်း များပါ အရပ်သားနှင့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များပါကျခံနိုင်သည့် အလားအလာရှိပြီး ၎င်းတို့၏ တရားဝင်မှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်ပါ ထိခိုက်စေနိုင်ကြောင်း The Sentry အဖွဲ့၏ တရား မဝင် ဘဏ္ဍာ ငွေမူဝါဒ ရေးရာ ဒါရိုက်တာ အိုလီဗာဝင်းဒရေ့ဂျ် နှင့် Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်တို့က ပြောကြားသည်။

 

နိုင်ငံဖြတ်ကျော် ထောက်ပံ့ရေးကွင်းဆက်များ၏ အခရာကျသည့်လုပ်ငန်းများအား ပစ်မှတ်ထား ဒဏ် ခတ် ပိတ်ဆို့ ခြင်းသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် စီမံအုပ်ချုပ်မှုရေးရာ အရင်းအမြစ်များနှင့် နိုင်ငံရေးဆိုင်ရာအရင်းအနှီးများကို ပိုမိုစုစည်းအသုံးပြုရန် ပိုင်းဖြတ်ထားကြောင်း၊ ထို့ကြောင့်ထောက် ပံ့ရေးကွင်းဆက်မှ အကျိုးအမြတ်ရှာနေသူများအတွက် အန္တရာယ်များ မြင့်တက်လာနေပြီ ဖြစ်သည် ဟု သတင်းစကားပါးနိုင်မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။

 

သွေးစွန်းလေယာဉ်ဆီ ထောက်ပံ့ရေးရှိ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးအဝန်းအဝိုင်းတစ်ခုလုံး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား စိုးမိုးအသက်ဝင်အောင် အလေးအနက်ထားဆောင်ရွက်ခြင်း၏ အ ကျိုးဆက်များသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် လူနေကျေးရွာများအပေါ် စစ်အုပ်စု ၏ လေကြောင်းဖြင့် ဆက်လက်ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းအပေါ် လျင်မြန်ထိရောက်စွာ တားဆီးနိုင် သည့် အကျိုးဆက်များ ဖြစ်လာမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

ယခုသေမင်းတမန်ပိုက်လိုင်းကြီးတွင် ပါဝင်နေသူများသည် လျှို့ဝှက်ပဟေဠိပုစ္ဆာတစ်ရပ် မဟုတ် ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများ စိုးမိုးအသက်ဝင်ရန် ဆောင်ရွက်မှုသည်လည်း နှောက်နှေးကြန့်ကြာ မှု မရှိ စတင်နိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေဖြင့် Justice For Myanmar နှင့် ပူးပေါင်း၍ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကမ္ဘာတဝန်း လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်က အားပေးကူညီနေသော လေကြောင်းတိုက်ခိုက်မှုဖြင့် ကျူးလွန်သည့် စစ်ရာဇဝတ်မှု များစွာကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

 

မဖြစ်မနေလိုအပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်များသည်လည်း နိုင်ငံများစွာပါဝင်၍ ခရီးရောက် ပြီးမြောက်ထားပြီး ကနေဒါ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျနိုင်ငံ တို့ သည် စစ်အုပ်စုအား ကူညီဆောင်ရွက်နေသူများအဖြင့် ဖော်ထုတ်ထားသည့် အရေးပါသော မြန် မာ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်ကြောင်း သိရ သည်။

 

အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် စစ်အုပ်စု လေယာဉ်ဆီ ကွန်ရက် အစိတ်အပိုင်းများဖြစ်သည့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများကိုလည်း စာရင်းသွင်းထား ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် OFAC သည် “ဗမာနိုင်ငံအတွင်းရှိ သို့မဟုတ် ဗမာနိုင်ငံပါဝင်သော လေယာဉ်ဆီ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ထပ်ဆင့်တင်ပို့ခြင်း၊ ရောင်းချခြင်း၊ ထောက်ပံ့ခြင်း သို့မ ဟုတ် သယ်ယူပို့ဆောင်ခြင်းတို့တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်ဆက်နွယ် နေ သည့် လုပ်ငန်းများကို ပစ်မှတ်ထားဦးတည်၍ ဗမာစီးပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင် နေသည့် ပြည်ပလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုသည့်” ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

အချုပ်အားဖြင့် OFAC သည် စစ်အုပ်စု လေယာဉ်ဆီရရှိနိုင်အောင် အားပေးကူညီသည့် အခန်းကဏ္ဍ တွင် ပါဝင်နေသူမှန်သမျှကို မည်သည့်နေရာမှဖြစ်စေ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်ကြောင်း သိရ သည်။

 

သိရှိပြီးဖြစ်သည့် အားပေးကူညီသူများနှင့် အကျိုးအမြတ်ရရှိနေသူများအပေါ် ယခုအခါ ပြတ်သား သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ သက်ဝင်စိုးမိုးစေမှုသည် စစ်အုပ်စုထံ လေယာဉ် ဆီပိုက်လိုင်းကို ဖြိုခွဲ ဖြတ်တောက်နိုင်မည်ဖြစ်ပြီး၊ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ ပစ်မှတ်ထားနေသည့် လေ ကြောင်းစစ်ဆင်မှုကိုလည်း ရပ်တန့်နိုင်မည်ဖြစ်ကြောင်း The Sentry အဖွဲ့၏ တရားမဝင်ဘဏ္ဍာ ငွေမူဝါဒ ရေးရာ ဒါရိုက်တာ အိုလီဗာဝင်းဒရေ့ဂျ် နှင့် Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်တို့၏ ပြောဆိုချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ ဒေသတွင်းယုံကြည်နိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး၊ အကျင့်ပျက် ခြ စားမှု၊ ဖိနှိပ်မှုနှင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အင်အားစုများအပေါ် နိုင်ငံများစွာတို့မှပြင်းပြင်း ထန်ထန် ဆန့်ကျင်ကြောင်းကို ရှင်းလင်းပြတ်သားစွာ ချက်ချင်း ပြသနိုင်မည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *