Yangon News

0 0
Read Time:2 Minute, 23 Second

မြောက်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုကို ကူညီနေသည့် (ဋ) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၂

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုကို ကူညီနေသည့် (ဋ) ရပ်ကွက် ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၃၈ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုအား ကူညီပေးနေသည့် မြောက်ဥကလာပမြို့နယ်(ဋ)ရပ်ကွက်ရုံးကို လက် ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် ရပ်ကွက်ရုံးအတွင်း၌ အကြမ်းဖက်စစ်သားများ၊ ရဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများ ရှိနေသောကြောင့် ထိခိုက်မှု ပြင်းထန်ကြောင်း မြောက်ဥက္က လာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

“ဖောက်ခွဲပြီးတော့ စခမီးတန်းကားတွေနဲ့ ပိတ်ဆို့စစ်ဆေးတာရှိတယ်။ မီးတန်းကားတွေနဲ့တိုးလို့ ရဲဘော်တွေ အခြားနေရာကနေပြန်ဆုတ်ခဲ့ရတာ။ အဲဒီရပ်ကွက်ရုံးကသန်းခေါင်စာရင်းကောက် နေတာကို ပြည်သူတွေက တိုင်တန်းလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ ၊ သန်းခေါင်စာရင်း ကောက် နေတာ မရပ်မချင်း ဆက်လက်တိုက်ခိုက်နေအုံးမှာပါ” မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို YUPA Yangon People Army နှင့် မြောက်ဥကလာပ ပြည်သူကာကွယ်ရေး (ပကဖ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားရဲဘော် များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *