0
0
Read Time:45 Second
ကဗျာ ကဏ္ဍ “ငယ်ဖော်”
ပျိုးကြဲလက်
ပြည်အတွက်
ညီချက်က ပိုသကို ။
မိုယံမှာ ကြယ်ကိုဆွတ်
စွန့်လွှတ်လို့ဆို ။
စိတ်ကောင်းနဲ့ စေတနာပို
ပြည်ထောင်ကို ထူထောင်မြဲ ။
တပ်ဦးမှာ အောင်စည်ဟိန်းတယ်
နန်းသိမ်းလုဆဲ ။
နေအတတ်
သပြေခက်နဲ့ ကြိုပါ့မယ် ။
ရောင်နီသာ အိမ်ပြန်လမ်း
လှမ်းလာခဲ့ကွယ် ။
သာယာတဲ့ မနက်ဝယ်
ဆုံကြမယ် သူငယ်ချင်း ။
ငယ်ပေါင်းဆွေ လေချိုးသွေးရင်
မွှေးပျံပျံသင်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၈ နာရီ ၃၅ မိနစ်
D Day News