Magway News

0 0
Read Time:2 Minute, 2 Second

ဂန့်ဂေါမြို့ ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၁၁

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မြို့ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးနှင့် လဝကရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့က ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် သက်ဆိုးရှည်စေရေး သန်းခေါင်စာရင်းလိုက်ကောက်ယူနေသော လဝက ရုံးတို့ကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE) မှ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“နောက်ဆက်တွဲသတင်းကတော့ စုံစမ်းနေတုန်းပဲ အတိအကျ စုံစမ်းလို့ မရဘူးဖြစ်နေတယ်။ ဂန့်ဂေါ မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်နေတာ ရက်ပိုင်းလောက်ရှိပြီ။ သူတို့ကတော့ ရွေးကောက်ပွဲကို သူတို့ ထိန်းချုပ်နယ်မြေထဲ ရသလောက်လုပ်မယ်ထင်တယ်၊ ကျနော်တို့ကတော့ ဒီတရားမဝင်ရွေး‌ ကောက်ပွဲကို ရသလောက်အင်အားနဲ့ တားဆီးသွားမှာဖြစ်ပါတယ်” ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၅၀ တပ်ရင်း အတွင်းမှ အများပြည်သူများနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *