Bago News

0 0
Read Time:1 Minute, 36 Second

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနှင့် ရွာမဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးဟုဆို

 

D Day News

အောက်တိုဘာလ ၁၁

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနှင့် ရွာမဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

အောက်တိုဘာလ ၉ ရက် နံနက် အစောပိုင်းက ၁ နာရီ ၄၈ မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ ညောင်ပင် သာ ရဲစခန်းနှင့် ရွာမဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိ ခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဖြူးမြို့နယ်ပကဖနှင့် သာယာဝတီ ခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *