Magway News

0 0
Read Time:2 Minute, 54 Second

ရေနံချောင်းမြို့နယ်အတွင်း လှည်လည့်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၁

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ‌သော စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force-Yenangyaung YNG-PDF ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ်၊ ယာကြီးပြင် – အင်တောလမ်းပေါ်မှ တဆင့် မကျီးကန်အုပ်စုအတွင်း ဝင်ရောက်လာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူးပေါင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် မကျီးကန်အုပ်စု အတွင်း ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းမိကာ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကုက္ကိုခွရွာ၊ ကန်လေးကုန်းရွာ၊ ကြွယ်ပုံရွာ တို့ကို လှည့် ပတ်၍ ၁၅ ရက်ကြာ ညအိပ်စခန်းချနေထိုင်ကာ ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကလည်း ဝိုင်းဝန်းပိတ်ဆို့မှု တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ရေနံ ချောင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ရေနံချောင်းမြို့သို့ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

“၂၃ ရက်နေ့က ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရတာ။ မနေ့က ၅ ယောက်သေတယ်၊ ဒဏ်ရာ ရတာတွေလည်းများတယ်၊ ၂၃ ရက်နေ့နဲ့ ၁၀ ရက်နေ့အတွင်း စုစုပေါင်း ၇ ယောက်သေတာလို့ ဖရဲသီး ကသတင်းပေးပို့ထားပါတယ်။ ကုက္ကိုခွရွာက ဆိုင်ကယ် ၇ စီးနဲ့ ဖုန်း ၅ လုံးယူသွားတယ်” ဟု People’s Defence Force-Yenangyaung YNG-PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို People’s Defence Force-Yenangyaung – YNG PDF ၊ Tamar Myay Special Column(တမာမြေအထူးလှုပ်ရှားစစ်ကြောင်း)နှင့် အင်တောတိုက်နယ် (ပကဖ) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *