Mandalay News

0 0
Read Time:2 Minute, 5 Second

မြင်းခြံခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု MBT ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁၁

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြို့ရွာများ၌ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT ကထုတ်ပြန်သည်။

 

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ စတင်ခဲ့သည့် ပြည်တွင်းစစ် တိုက်ပွဲတိုင်း၌ အရှုံးကြီးရှုံးကာ PDF နှင့် EROs တပ်များက စစ်ကောင်စီ သိမ်းပိုက် ထိမ်းချုပ်ထား သည့် မြို့၊ ရွာများကို ပြာပုံအတိဖြစ်အောင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ပြည်သူလူထုမြောက်များစွာကို သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီး ခြင်း စသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်အမျှကျူးလွန်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ရာဇဝတ်မှုများကို “ရွေးကောက်ပွဲ ကျင်းပပေးမည်”ဟူသော ကတိဖြင့် ဖုံးအုပ်ပြီး နိုင်ငံတ ကာကို လိမ်လည်လှည့်ဖြားရန် ပထမခြေလှမ်းအဖြစ် ပြည်တွင်းရှိ ၎င်းတိုစိုးမိုးအနိုင်ကျင့် နိုင်သေး သော လက်ကျန် မြို့ရွာများတွင် သန်ကောင်စာရင်းကောက်ခြင်းကို ဇွတ်တိုးလုပ်ဆောင်လာခဲ့သည့် အပေါ် လုံးဝ(လုံးဝ) သဘောမတူကြောင်း ၊ခွင့်မပြုကြောင်းကို လက်တွေ့ပြသမည် ဖြစ်ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးထားသည်။

 

ထို့ကြောင့် မြင်းခြံခရိုင်အတွင်းရှိ မြို၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူ ခြင်း ကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *