Rakhine State News

0 0
Read Time:4 Minute, 16 Second

ဘူးသီးတောင်၊ မောင်တောမြို့နယ်နေရာအချို့တွင် ARSA ၊ RSO နှင့် ARA ကဲ့သို့သော အကြမ်း ဖက်သင်တန်းဆင်း အုပ်စုက လမ်းသွားလမ်းများ၊ ကုန်ရောင်းကုန်ဝယ်သူများနှင့် ဝမ်းရေးအတွက် ဟင်းစားရှာဖွေသူများ ကို ခြုံခိုတိုက်ခိုက်၊ သတ်ဖြတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာနေဟု AA သတိပေး

 

D Day News

အောက်တိုဘာလ ၁၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် နေရာအချို့တို့တွင် ARSA ၊ RSO နှင့် ARA ကဲ့သို့သော အကြမ်း ဖက်သင်တန်းဆင်း အုပ်စုက လမ်းသွားလမ်းများ၊ ကုန်ရောင်းကုန်ဝယ်သူ များနှင့် ဝမ်းရေးအတွက် ဟင်းစားရှာဖွေသူများ ကို ခြုံခိုတိုက်ခိုက်၊ သတ်ဖြတ်မှုများ ခပ်စိပ်စိပ်လုပ် ဆောင်လာနေကြောင်း အာရက္ခတပ်တော် – AA သတိပေးထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်တွင် အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သည့် ဘူးသီးတောင်မြို့နယ်နှင့် လက်ကျန်မြို့သိမ်းတိုက်ပွဲ ဆင်နွှလျက်ရှိသော မောင်တောမြို့နယ်များရှိ AA လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်လှမ်းမမီနိုင်သေးသည့် နေရာအချို့တွင် ARSA၊ RSO နှင့် ARA ကဲ့သို့သော စစ်ကောင်စီ အကြမ်း ဖက်သင်တန်းဆင်း အစွန်းရောက်အကြမ်းဖက်အုပ်စုများသည် အပြစ်မဲ့ ဒေသနေလမ်းသွား လမ်းလာ များ၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်နေသူများ၊ ဝမ်းရေးအတွက် ဟင်းစားရှာဖွေနေသူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတိုကို အလစ်အငိုက်ချောင်းကာ ခပ်စိပ်စိပ်ပြုလုပ် လာလျက်ရှိ ကြောင်း သိရသည်။

 

တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာဒေ့ရှ် – အာရက္ခ နယ်စပ် နှင့် နတ်မြစ်တစ်လျှောက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်၊ ဝင်ရောက်၊ ခိုးဝင်၊ ခိုးထွက်နေခြင်းများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ပြီး ထို ဖြစ်စဉ် များထဲတွင် ARSA၊ RSO နှင့် ARA အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များက နတ်မြစ်ကြောင်းတစ်လျှောက်၌ ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ပြီး အကြမ်းဖက်မှုများကို ရံဖန် ရံဖါ ပြုလုပ်ခဲ့သော သာဓကဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

Photo – အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်း တစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခံရမှု

 

အာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲဝင်များသည် အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများအား လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက် လိုက် မှုမရှိဘဲ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို အထူးအလေးထားလုပ်ဆောင် လျက်ရှိကြောင်း အာရက္ခတပ်တော် – AA က အသိပေးထားသည်။

 

ထို့အပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နတ်မြစ်ကြောင်းတစ် လျှောက်တွင် အကြမ်းဖက်သမားများ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးတိုအတွက် ဒေသနေ ပြည်သူလူ ထုများနှင့် ပူးပေါင်းကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆက်လက် ပြောဆိုထားသည်။

 

လက်နက်ကိုင်ဆောင်၍ ထွက်ပြေး လွတ်မြောက်နေ‌သေးသည့် အစွန်းရောက်အကြမ်းဖက်လက် နက် ကိုင်တပ်ဖွဲ့ဝင်အချို့တို့ကိုလည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ လိုက်လံဖမ်းဆီး လျက်ရှိရာ ရံဖန်ရံခါတိုက်ပွဲငယ်များလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *