Sagaing News

0 0
Read Time:5 Minute, 14 Second

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇၀ ကျော်သေဆုံးပြီး ၁၉၄ ဦး ပျောက်ဆုံး ၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ဦးနှင့် စစ်သုံပန်း (၁၀၂) ဦး ဖမ်းမိ၊ လက်နက် ၄၀၀ ကျော်၊ ခဲယမ်းအမြောက်အများနှင့်မူးယစ်ဆေးဝါးများလည်း သိမ်း ဆည်းရရှိဟု အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁၁

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇၀ ကျော် သေဆုံး ပြီး ၁၉၄ ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ဦးနှင့် စစ်သုံပန်း (၁၀၂) ဦး ဖမ်းမိ၊ လက်နက် ၄၀၀ ကျော်၊ ခဲယမ်းအမြောက်အများနှင့် မူးယစ်ဆေးဝါး အ များအပြားလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ ပင်လည်ဘူးမြို့အား စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၇၀) ခန့် သေဆုံးပြီး (၁၉၄) ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရကာ ယင်းထိခိုက်ဒဏ်ရာရရှိသူများတွင် ၆၀ ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိပြီး စစ်သုံပန်း (၁၀၂) ဦး ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရရှိသူများတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး အကြမ်းဖက် စစ်သားများ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် (၁၈) ထုပ် (ခမ ၁ ပိဿာထုပ်) ၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ(အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်သားများထံမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး(လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျော လွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ် သေတ္တာပုံး (၁) ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့၌ ယခင်အခြေချနေသော အကြမ်းဖက်စစ်သားအင်အားများအပြင် Mi-17 ဖြင့် (၂၁) ကြိမ် ထပ်မံအင်အား ပို့ချမှုများကြောင့် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Y-8/ 12၊ Yak-130/ MiG-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော် တွင် ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့သိမ်း တိုက်ပွဲကို  ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ် ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊  ၄၂၊ ၄၅၊ ၄၉၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်း ခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ် ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်း မြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် (၅) ကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲများအတွင်း အသက်စွန့် ကျဆုံးခဲ့ရသော ရဲဘော်များအား လေးစားဂုဏ်ပြုအပ်သည့်အပြင် ကိုယ်ခန္ဓာအစိတ် အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်များကိုလည်း လေးစားဂုဏ်ပြုအပ်ပါကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *