Poem

0 0
Read Time:53 Second

ကဗျာ ကဏ္ဍ “ပကတိ အညာ”

 

ပျိုးကြဲလက်

 

အညာတမာ ၊ ရနံ့ဖြာ၍

မြို့ရွာမရွေး ၊ သင်းသင်းမွှေး၏ ။

 

အညာလက်ပံ ၊ ဥဩသံနှင့်

ဆူညံငှက်ကျေး ၊ ဘဝင်အေး၏ ။

 

အညာထနောင်း ၊ ရာသီပြောင်းစေ

ခညောင်းပါပေ ၊ အေးရိပ်ဝေ၏ ။

 

ပျော်ခင်းစုံရာ ၊ တို့အညာဝယ်

ဘယာမစဲ ၊ စစ်ဆင်နွှဲလျှက်

ဆိုဆဲသံဆူ ၊ ယမ်းငွေ့အူသည်

သူငါမျက်မှောက် ၊ ဒုက္ခရောက်၏ ။

 

မီးခိုးပြာပုံ ၊ မှိုင်းမှိုင်းမှုံ၍

ကြုံဆုံခဲ့ရ ၊ လူ့ဘဝလည်း

အလှဘယ်မှာ ၊ မရှိပါတည့် ။

 

မွေးရပ်အညာ ၊ တို့အညာက

လိမ်ညာအလှ ၊ စာခြယ်သစေ

ပကတိဝယ်၊ အလှကွယ်၍

နေဖွယ်မရှိ ၊ နာကျင်ဘိကွယ်

လာကြည်ပါလှည့် ၊ လာလည်ကွယ့်။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *