TNLA News

0 0
Read Time:3 Minute, 34 Second

တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်လာကြောင်း ပုလိပ် (ရဲ) သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ် တားဘုန်းကျော် ပြောဆို

 

D Day News

အောက်တိုဘာလ ၉

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်လာကြောင်း တရား ဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ပြော ကြားသည်။

 

ယမန်နေ့ အောက်တိုဘာလ ၈ ရက်နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာ၌ တရားဥပဒေစိုးမိုးရေး (အခြေခံ ပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ကျင်းပပြုလုပ်ခဲ့ရာ ယင်း သင် တန်းဆင်းပွဲ အခမ်းအနား သို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် က တက်ရောက်ပြီး မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ် ထားသည့် ဥပဒေများကို ပြည်သူများ လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားရန်၊ ချမှတ်ထားသည့် ဥပဒေ များကိုလည်း မိမိတိုကိုယ်၌ လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားရန်လိုအပ်သည်ဟု PSLF/TNLA အထွေထွေအတွင်းရေး မှူး ​ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်း ကျော်၊ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူ;ဇာရ်နှင့် ရဲချုပ် ဗိုလ်မှူးကြီး တားကုံးခရီးတို့ တက် ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသနေပြည်သူလူထုများ၊ ဆရာများနှင့် ကျောင်းသူ/သား များ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း)ကာလမှာ ၄ လကျော်ကြာမြင့်ခဲ့ပြီး သင်တန်းသား ၉၀ ဦး၊ သင်တန်းသူ ၄၅ ဦး စုစုပေါင်း သင်တန်းသူ/သား (၁၃၅)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း၊ ဘာသာ ရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာများနှင့် CDM ရဲများမှ သင်ကြားပိုချပေးခဲ့ကြောင်း၊ သင်တန်းတွင် ရဲကျင့် ဝတ်၊ တရားဥပဒေစိုးမိုးရေးအခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာ များ၊ သက်သေခံ ဥပဒေ များ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့် အခြားလုပ်ငန်းဆိုင်ရာဘာသာ ရပ်များစသည်ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။

 

သင်တန်းပုလိပ်တပ်ဖွဲ့ဝင်များအနေဖြင့် တအာင်းပြည်အတွင်း ယခင်ကထက် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များ ပိုမိုလည်ပတ်ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ ခရိုင်များနှင့် မြိုနယ်များတွင် တာ ဝန် ထမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *