Sagaing News

0 0
Read Time:1 Minute, 47 Second

မုံရွာမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်ယူနေအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း၌ ရဲ သန်းခေါင်စာရင်းကောက်ယူ နေသည့် အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း idiots Column ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်က မုံရွာမြို့၊ ညောင်ပင်စောင့်အပိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူရန် လာရောက်သည့် ရဲ၊ စစ်သား၊ ကညန ဝန်ထမ်းများနှင့် ဆရာများပါ ဝင်သောအဖွဲ့ အင်အား ၁၀၀ ခန့်ပါအဖွဲ့ကို ပဒေသာမိုင်း ၅ လုံးပွိုင့် ၁ ပွိုင့်ဖြင့် နတ်လူထိပ်ပန်ရပ် ကွက်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရ စစ်သား၊ ရဲများကို အိမ်စီးကားများဖြင့် မုံရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်ယင်း ၉ စစ်ကြောင်းဖြစ်သည့် idiots Column နှင့် ဘာမထီ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲများက လိုက်လံ ပစ်ခတ်မှုရှိခဲ့သော်လည်း ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *