အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများ ကို အရေးယူမည်ဟု ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်
D Day News
အောက်တိုဘာလ ၉
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောာင်စီ၏အတုအယောင်ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူသူများကို အရေးယူမည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် အတုယောင် ရွေးကောက်ပွဲကို အကြောင်းပြကာ အောက် တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် သန်းခေါင်စာရင်းများ ကောက်ယူ လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာတည်မြဲ ရေး၊ အာဏာရှင် အသက်သွေး ဆက်လက် လည်ပတ်နိုင်ရေးဖြစ်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုဖြစ်ပြီး ထိုသို့ ကောက်ယူမှုကို လုံးဝ အသိမှတ်မပြုဘဲ ကန့်ကွက်ကြောင်း ကျောက်တံခါး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
ထို့ကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပူးပေါင်း၍ သန်းခေါင်စာရင်း ကောက်ယူ နေသူ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ၊ ကူညီသူမည် သူ့ကိုမဆို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
D Day News