ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင် များတွေ့ခွင့်မပေးပဲ ပိတ်ပင်
D Day News
အောက်တိုဘာလ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အား မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးပဲ ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာအကျဉ်းသားများ ကွန်ယက် – PPNM ထံမှ သိရသည်။
အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက်စစ်အုပ်စုမှ ခွင့်ပြုခဲ့သည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ရွှေဘိုအကျဉ်းထောင်မှ နိုင် ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့် တွေ့ခွင့် မရရှိကြသေးကြောင်း သိရသည်။
မိသားစုဝင်များမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြရာ အကျဉ်း ဦးစီးဌာနမှ စာရွက်စာတမ်းများ တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း အချက်အလက်မပြည့်စုံဟုဆိုကာ နိုင်ငံရေးသားအချို့၏ မိသားစုဝင်များကို တွေ့ခွင့်ပေးပဲ ပိတ်ထားကြောင်း သိရသည်။
အောက်တိုဘာ(၇)ရက်နေ့ကလည်း အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့် တွေ့ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များမှာမူ ဧည့်တွေ့ခွင့် မရကြသေးပဲ အ ကျဉ်းထောင်တွင်း၌ ခွဲခြားဆက်ဆံခံနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် (PPNM) အသိပေး ထုတ်ပြန်ထားသည်။
D Day News