Sagaing News

0 0
Read Time:4 Minute, 38 Second

ပင်လည်ဘူးမြို့ကို ခုခံစစ်သားများ လက်နက်ချပြီး ဝန်သိုမြို့ ဆုတ်ခွာခွင့်ပေး၊ လက်နက် (၄၀၀) ကျော်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၉

 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး​မြို့ခုခံနေသော အကြမ်းဖက်စစ်သားများကို လက်နက်ချပြီး ဝန်သိုမြို့ကို ဆုတ်ခွာပေးခဲ့ရာ လက်နက် ၄၀၀ ကျော်နှင့် မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပင်လည်ဘူးမြို့ကို ပဥ္စမအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အောက် တိုဘာလ ၇ ရက်ညပိုင်းတွင် ရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ရိက္ခာပြတ်လပ်ခြင်းကြောင့် ဒဏ်ရာရသူများ၊ မိသားစုဝင်များကိုခေါ်ဆောင်ပြီး လက်နက်ချ ဆုတ်ခွာခွင့်ပြုပါရန် ခွင့်တောင်းခံလာခြင်းကြောင့် ချက်​ခြင်း စီစဥ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နံနက်ပိုင်းတွင် မြို့ကိုအလုံးစုံ ထိန်းချုပ်ကာ ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့ကို ခုခံနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းများမှာ ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း မှ တပ်ရင်း ၆၁၄ ၊ ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး  စစ်ကူ ၄ ကြိမ်လာရောက်ခဲ့ ကြောင်း၊  စစ်ကူတပ်ရင်းများမှာ ခမရ ၃၆၃၊ ခမရ ၁၆၊ ခမ ရ၃၆၈၊ ခမရ ၈၇၊ စသည့် စုစုပေါင်း တပ် ရင်း ၁၁ ရင်းခန့်ရှိကြောင်း သိရသည်။

 

စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပျူများထံမှ လက်နက် ၄၀၀ ကျော်နှင့်  စစ်ကောင်စီတပ်သား နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူ ခွက်ရေ အမြောက် အမြား (ခန့်မှန်းခွက်ရေ ၈၀ ခန့်) သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကူစစ်ကြောင်းတခုလုံးကိုလည်း ချေမှူန်းဖမ်းဆီးရမိခဲ့ကြောင်း၊ သုံ့ပန်းအ မြောက်အများ တွင် လာရောက်အလင်းဝင်ပူးပေါင်းသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်းပါရှိပြီး ၎င်းတို့ကို ကောင်း မွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ၅၃ ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုး အကြမ်းဖက် စစ် ကောင်စီက လေကြောင်းဖြင့် စုစုပေါင်းကြိမ် ရေ၊ လေယာဉ် အစင်းရေ ၁၃၀ ကျော်ဖြင့် ဗုံးအရွယ် အစားအမျိုးမျိုး (ပေါင် ၅၀၀၊၃၀၀၊၂၀၀) စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် မြို့သိမ်းပြီးနောက်ပိုင်း လည်း လေကြောင်းမှ ဆက်လက် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်နေဆဲဖြ​စ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို အမှတ်၁စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ် ရေးတပ်မ တော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ တိုင်း PDF ဒရုန်းတပ်ဖွဲ့ ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ တပ်ဖွဲ့ ဝင်များ၊ အမှတ်၁စစ်ဒေသ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ) လှုပ် ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ ၊ ကန့်ဘလူခရိုင်(ပကဖ)လှုပ်ရှားတိုက်ခိုက်​ရေး တပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ ) ဒရုန်းတပ်ဖွဲ့နှင့်တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဒေသခံ ကောလင်းခရိုင်(ပကဖ) လှုပ်ရှားတိုက်ခိုက် ရေး တပ်ဖွဲ့ဝင်များ (ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ် ပကဖတပ်ဖွဲ့ဝင်များ)နှင့် ပြည်သူ့ လုံခြုံ ရေးအဖွဲ့ (ပလဖ)များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ဆင်ရေးကာလအတွင်း မဆုတ်မနစ် သက်စွန့်ကြိုးပမ်း သွေးချွေးရင်းကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ခဲ့ကြသော တော်လှန်​ရေး ရဲဘော်အပေါင်းနှင့် ပြည်သူအပေါင်း တို့အား လေးစားချီးကျူးဂုဏ်ပြုမော်ကွန်းတင်ပါကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ/PDO)က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *