AA News

0 0
Read Time:4 Minute, 18 Second

ဘူးသီးတောင်မြို့နယ်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးသွားသော ARSA ၊ RSO အဖွဲ့များကို လိုက်လံရှင်းလင်းမှု စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၇

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးသွားသော ARSA ၊ RSO အဖွဲ့များကို လိုက်လံရှင်းလင်းမှု စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ အသက် ၄၅ နှစ်အရွယ် ဦး ဆိုင်ဝင်းနှင့် ၎င်း၏သားများ ဖြစ်ကြသော အသက် ၁၅ နှစ်အရွယ် မောင်လင်ကြီး၊ အသက် ၁၂ နှစ် အရွယ် မောင်အာမွန်း နှင့် ၎င်း၏ တူဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ဒီကော် တို့သည် မေယု တောင်ခြေရင်း၌ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသော ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DELPS) တပ်ဖွဲဝင်များ၊ အာရက္ခတပ် တော် တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ပျောက်ဆုံးနေသောသူများကို ရှာဖွေခဲ့ရာ အောက်တိုဘာလ ၆ ရက်နေ့၊ ညနေ ၃ နာရီ ၄၉ မိနစ်အချိန် တွင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား (မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေး၌ ARSA မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား တွေ့ရှိခဲ့ပြီး တိုက်ခိုက်ကာ မီးရှို့ဖျက် ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ARSA စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ယင်းစခန်းမှ ထွက်ပြေး လွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ ၆ ရက်၊ နေ့လယ် ၁၂ နာရီ ၅၅ မိနစ် အချိန်တွင် အာရက္ခဒေသ၊ မောင်တော မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော အာရက္ခတပ်တော်မှတပ်ဖွဲ့ဝင်များ နှင့် RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင် အချို့ တို့ကြား ယခင် ဖက်ဆစ် အကြမ်း ဖက် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး လက်ရှိအချိန်တွင် အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထား သော “လိပ်ရစခန်း” အနီး၌ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်တိုက်ပွဲအတွင်း RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ် ကောင်စီက ထုတ်ပေးထားသည့် MA-2 အမျိုးအစား သေနတ် ၁ လက် ၊ G3 အမျိုးအစား သေနတ် ၂ လက်၊ ကြောပိုးအိတ် ၁၂ လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့၏ ကပစ စက်ရုံထုတ် လက်နက်များ၊ နင်းမိုင်း ၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများကို ARSA ၊ RSO တပ်ဖွဲ့ဝင်များကို တပ်ဆင်ပေးထားကြောင်းသိရ သည်။

 

ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက် လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေး ဆိုင်ရာ သတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် အာရက္ခတပ်တော် -AA က သတိပေးတိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *