Rakhine News

0 0
Read Time:2 Minute, 8 Second

မောင်တောမြို့နယ်တွင် ဈေးဝယ်ပြီး ပြန်လာသော အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

 

D Day News

အောက်တိုဘာ ၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အရပ်သားအမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA ထံမှ သိရသည်။

 

ယမန်နေ့‌ အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား ၆ ဦးပါ တေဘာ ကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲများမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် ၃၈ နှစ် အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး အခြား ၄ ဦး မှာလည်း လက်နက်ငယ် ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်း ထန် ဒဏ်ရာ ရရှိသူ ၁ ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးတို့အား အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အ ကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *