သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး အပြင်းအထန် ဒဏ်ရာရ
D Day News
အောက်တိုဘာလ ၇
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသော ရပ်ကွက်အုပ်ချုပ် ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ် PPDF တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီအချိန် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်းဝင်း ဘရားသားရပ်ကွက်နေ စစ်သားဟောင်း အုပ်ချုပ်ရေးမှူးမင်းသွင်ကို ရပ်ကွက်အလှူခံ မဏ္ဏပ်တွင် ပျူစောထီးများနှင့်အတူရှိနေစဉ် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က သွားရောက်ပစ်ခတ်ရှင်းလင်းရာ အုပ်ချုပ်ရေးမှူး မင်းသွင်၏ ပေါင်နှင့်ဆီးစပ်ထိမှန်ပြီး ညတွင်းချင်းရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံသို့တင်ဆောင်ကုသခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပြီးနောက် ဒဏ်ရာမှာ မသက်သာသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ အဖြစ်ပို့ ဆောင်ခဲ့ပြီး သေဆုံးခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူးမင်းသွင်သည် စစ်ထွက် တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ရပ် ကွက်နေ ပြည်သူများကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ ငွေကြေး ကောက်ခံ ခြင်း၊ ပေါ်တာဆွဲရာတွင် စစ်ကောင်စီနှင့် အတူလိုက်ပါဆောင်ရွက်၊ အကြမ်းဖက်စစ်ကောင်စီ၏ သန်း ခေါင်စာရင်း ကောက်ယူမှုတွင် တက်ကြွစွာလုပ်ဆောင်ခြင်းတို့ ကျူးလွန်နေသူ ဖြစ်ကြောင်း ပြည် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDF တပ်ရင်း က ပြောဆိုထားသည်။
ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား ၊ ရဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်သန်း ခေါင်စာရင်းကောက်ယူပေးနေသော ဌာန ဆိုင်ရာဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထားအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း သတိပေးထားသည်။
D Day News