မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်အခြေစိုက် ကျားဖြန့်ငွေလိမ်ဂိုဏ်းများအကြောင်း ရေးသားဖော် ထုတ်မှု ကြောင့် ကျားဖြန့် ဂိုဏ်းသားများ၏ ခြိမ်းခြောက်ရိုက်နှက်ခံရသူ သတင်းထောက် စောဇင် မောင်နှင့် တွေ့ဆုံခြင်း
D Day News
“ကျွန်တော်ရေးထားတဲ့ ကျား ဖြန့် ငွေလိမ်ဂိုဏ်းနဲ့ ပက်သက်တဲ့သတင်းအပုဒ်တွေရယ်။ နောက်ပြီး တော့ သူတို့ရဲ့အလုပ် သမားတွေ ရဲ့ ပုံတွေကိုပြတယ်။ အဲ့သူတွေကို ကျွန်တော်သိလား။ ကျွန်တော် သတင်း ရေးထားတာ ဟုတ်လား မေးတာ။ မေးရင်းနဲ့ ဖမ်းချုပ်ထားတဲ့ နှစ် ယောက်က ကျနော့်ဒူးကို ညွတ်ချပ စ်တယ်။နောက်ပြီးတော့ ကျန်တဲ့သုံးယောက်မျက်နှာတွေ ခေါင်း တွေကိုဒူးနဲ့တိုက်တယ်။ ထိုးတယ်။ ကျွန်တော်လဲကျသွား တော့ ဘယ်နှယောက်မှန်းလဲတော့ မပြော တတ် တော့ဘူး။ ဝိုင်း ကန်တာကော။ထိုးတာပါ ခံရတာ။”
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်တွင် အခြေစိုက်နေသည့် ကျားဖြန့်ခေါ် နိုင်ငံတ ကာ ငွေကြေးလိမ်လည်ဂိုဏ်းဝင်များသည် လူမှုကွန်ယက်စာမျက်နာများမှ တဆင့် ဆက်သွယ်၍ ခြိမ်း ခြောက်ခြင်း၊ လိမ်လည်ခြင်း၊ အသက်အန္တရာယ်ကျရောက်သည်အထိ တမင်တကာချိန်းဆို ခြိမ်း ခြောက်မှုများရှိ သည့်အပြင် ငွေလိမ်လည်ဂိုဏ်းအတွင်း ၌ ပါဝင်လုပ်ကိုင်နေသူများမှာလည်း အဆိုပါ နေရာမှ ပြန်လည် ထွက်ခွာခွင့်မရခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများအပြင် အသက်အန္တရာယ် ခြိမ်းခြောက် ခံရသည်အထိ ဖမ်းဆီးအနိုင်ကျင့်မှုများလည်း ရှိကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းအ ကြောင်းနှင့် ပတ်သက်၍ သတင်းဖော်ထုတ်ရေးသားခဲ့သည့် အလွတ်တန်းသတင်းထောက်တစ်ဦး ဖြစ်သူ ကိုစောဇင်မောင် သည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါခြိမ်းခြောက်ခံရမှုနှင့်ပက်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အလွတ်တန်းသတင်းထောက် ဖြစ်သူ ကိုစောဇင်မောင်ကို D-Day News သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
D-Day News ။ ။ မင်္ဂလာပါ ကိုစောဇင်မောင်။ သတင်းတွေကြားသိရတဲ့အတွက်လည်း တကယ့်ကို စိုးရိမ်စရာ ဖြစ်ရပါတယ်။ လက်ရှိအနေနဲ့ လုံခြုံတဲ့နေရာမှာရှိနေလားခင်ဗျ။
ကိုစောဇင်မောင် ။ ။ ဟုတ်ကဲ့ လက်ရှိကျွန်တော်အနေနဲ့လုံခြုံတယ်လို့တော့ မဆိုလို ဘူး။ ဒါပေမဲ့လုံ ခြုံရေး သတိထားပြီးတော့ နေထိုင်ရတုန်းပဲလို့ ပြောချင်ပါတယ်ခင်ဗျ။
D-Day News ။ ။ ကိုစောဇင်မောင်အနေနဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပက်သက်ပြီးတော့ သတင်းတွေ ရေးသားဖော်ပြခဲ့တဲ့ အတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတယ်ဆိုတော့ ဘယ်အချိန်ကနေစပြီး ဘယ်လို ရင်ဆိုင်နေခဲ့ရတာလဲခင်မျ။
ကိုစောဇင်မောင် ။ ။ ကျွန်တော်အနေနဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လည်ဂိုဏ်းနဲ့ပက်သက်ပြီးတော့ သတင်းတွေ စရေးဖို့ကို အရင်ဆုံးအနေနဲ့က မေလထဲက တစ်လကြာလောက် သေချာစုံစမ်းခဲ့ရတယ် ပေါ့။ ကျွန်တော်က လော လောဆယ်ဧရာဝတီတိုင်းအတွက် Local သတင်းထောက်ပုံစံလုပ်နေတာ ဆိုတော့ စုံ စမ်း ရတာတော့ တော်တော်ခက်တယ်။ ဒါပေမဲ့ဒေသခံတွေရဲ့ အကူအညီတွေရယ် ကျား ဖြန့်လုပ်ငန်းမှာ အတင်းအကျပ် စေခိုင်း ခံရတဲ့သူတွေကပါ ဝိုင်းဝန်းပါဝင်ပေးကြတော့ ကိစ္စတော်တော် များများကို သတင်းထုတ်ဖို့အထိ အဆင်ပြေ သွား တာပေါ့။ အဲ့ကနေမှတဆင့် Ayeyarwaddy Times သတင်းဌာနကနေ ပထမဦးဆုံး သတင်းစ ထုတ် ဖြစ်တယ်။ သတင်းစထုတ်ခဲ့တာက မေလပိုင်းမှာပဲ ပေါ့။ နောက်ပြီးတော့ လူငယ့်ခေတ်သတင်း ဌာနကနေ လည်း ထပ်ပြီး သတင်းထုတ်ပေးနိုင်ခဲ့တယ်။ အဲ့တာက ဇွန်လပိုင်းထဲမှာပေါ့။ အဲ့ဒီ နောက်ပိုင်းတော့ ကျွန်တော့် ဆီကို အမည်မသိတဲ့ဖုန်းတွေ တယ် လီဂရမ်ကနေတဆင့် ဆက်သွယ် လာတာတောက်လျှောက်ကြုံတွေ့လာ ရတယ်။
ဇွန်လပိုင်းကနေပြီး တော့ပေါ့။ ကျွန်တော်အနေနဲ့အရင်တုန်းကလည်းကြုံတွေ့ခဲ့ဖူး တာဆိုတော့ သာ မန် လျှံကာပဲ ယူဆပြီးတော့ ဒီအတိုင်းလျစ်လျူရှုခဲ့လိုက်တာပေါ့။ အဲ့ဒီခြိမ်းခြောက်မှုတွေကမပြီး ပဲနဲ့ အရင်ဩဂုတ်လအတွင်းထဲမှာပဲ ကျွန်တော့်ကို အသက်အန္တရာယ်ကျရောက်သည်အထိ ချိန်းဆို ခံရ တယ်။ လုပ်ကြံခံခဲ့ရတယ်ပေါ့။ နောက်ပြီးတော့ ဒီလထဲမှာလည်း ကျွန်တော့်ကိုကော ကျွန်တော့် အ မျိုးသမီးကိုပါ တယ်လီဂရမ်ကနေတဆင့် စာပေးပို့ထပ်ပြီးချိန်းခြောက်တာတွေ လုပ်ဆောင်ခံခဲ့ရပါ တယ်ပေါ့နော်။
D-Day New ။ ။ ဆိုလိုတာက အခုထိကိုချိန်းခြောက်မှုတွေက ဆက်ပြီးကြုံတွေ့နေရတုန်းပဲပေါ့နော်။ အခုနက အကိုပြောလိုက်တဲ့အထဲမှာ အသက်အန္တရာယ်ချိန်းခြောက်ခံရတာကော လုပ်ကြံခံရတာ ကောပါတယ်ဆိုတော့ ဘယ်လိုမျိုးတွေ သူတို့ဘက်ကလုပ်ဆောင်ခဲ့တာလဲခင်ဗျ။
ကိုစောဇင်မောင်။ ။ ပထမချိန်းခြောက်ခံရတုန်းကတော့ အစောပိုင်းက ပြောပြလိုက်သလိုပဲ တယ်လီ ဂရမ် ကနေ တဆင့်ရယ်နောက် Facebook ကနေ စာပို့တာတို့ ဖုန်းခေါ်တာတို့လုပ်တာပေါ့။ ကျွန် တော်အနေနဲ့က အရင်တုန်းကလည်းကြုံခဲ့ရတာတွေရှိတော့ မသိသလိုပဲထားလိုက်တာ။ ဒါပေမဲ့ သူ တို့ဘက်က ရက်ခြား ပုံစံနဲ့ ကို လုပ်လာတာပေါ့။ အဲ့တာနဲ့ ကျွန်တော်အနေနဲ့ ကတော့သူတို့ ဆက် သွယ်လာတယ်လို့ မထင်သေးဘူး။ ဒီအတိုင်းနောက်ပြောင်တယ်ပဲမှတ်တာပေါ့။ အဲ့တာက မေလ ကနေ ဇွန်လ ကုန်အထိလောက်ကို လုပ်လာ တာ။ ဇူလိုင်လလောက်ကျတော့ အဆက်အသွယ်မလုပ် တော့ ဘူး။ ဒါပေမဲ့ လကုန်ခါနီလောက်မှာ ကျွန်တော့် ဆီကို Telegram ကနေတဆင့် အမည်မသိသူ တစ် ယောက်က Video Call ခေါ်တာကြုံလိုက်ရ တယ်။ ရုတ် တရက်ခေါ်ပြီးတော့ ပြန်ချသွားတာ ပေါ့။ ကျွန်တော့် မျက်နှာကိုသေချာတွေ့လိုက်တာနဲ့ ပြန်ချသွားပြီးတော့ ဆက်မခေါ်လာတော့ဘူး။ အ ကောင့်ကြည့်လိုက်တော့ ဘလော့သွားပြီ။ ဝင်စစ်တော့လည်းနံပါတ် မပေါ်ဘူး။ Screen Shot တောင် ရိုက်ချိန်မရလိုက်ဘူး။ ချက်ခြင်းအကောင့်ကို ဖျက်သွားတာ။ အဲ့အချိန်ကျတော့မှ ကျွန် တော် အနေနဲ့ တခုခုထူးခြားနေပြီလို့သိလိုက်ရတာ။
အဲ့တာနဲ့ ဩဂုတ်လထဲရောက်တော့ ပထမအပတ်လောက်မှာက ဘာမှမထူးခြားသေးဘူး။ ဒါပေမဲ့ ဒုတိယ အပတ်လောက် အချိန်အနေနဲ့ ဩဂုတ်လ ၁၁ ရက်လောက်ဖြစ်မယ်။အဲ့အခါကျတော့ ကျွန် တော့်ဆီစာတွေ ပို့လာတယ်။ ဖုန်းတွေခေါ်လာတယ်။ကျွန်တော်က သတင်းအင်တာဗျူးဖုန်းတွေ မှတ်နေတာပေါ့။ စာတွေက တော့ ကျွန်တော်ဘယ်သူဖြစ်ကြောင်း သိရှိပြီးသားပေါ့။ အဲ့တာကို ထပ်ခါထပ်ခါပြောတယ်။ နောက်ပြီးတော့ ကျားဖြန့်ဂိုဏ်းအကြောင်းနဲ့ ပက်သက်ပြီးသတင်းရေးတာ ကိုထပ်မလုပ်ဖို့ပေါ့။ တ ကယ်လို့ လုပ်လာရင် အသက် အန္တရာယ်ကိုပါ ရန်ရှာတဲ့အထိ ပြောလာတယ်။ အဲ့ကိစ္စတွေကို ကျွန် တော့် အမျိုးသမီးကိုလည်း အသိမပေးထားဘူး။ အခြားမိသားစုဝင်တွေကိုကောပေါ့။ နောက်ပြောင် နေတယ် ပဲမှတ်နေတာနဲ့ သူတို့ပို့တဲ့ စာတွေဖျက်လိုက်တယ်။ ဒါပေမဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကျတော့ ယက္ခဆိုတဲ့ နာမည်နဲ့ပေါ့ Signal ကနေ စာပို့ လာ တယ်။ ကျွန်တော်အဲ့မှာအံ့ဩသွားတယ်။ နောက် ရက် လည်းထပ်ပို့တယ်။ ဒါပေမဲ့ စာတွေပို့ပြီးတာနဲ့ ပြန်ဖျက်သွားတယ်။အဲ့တာနဲ့ ကျွန်တော်သတိ မထားတော့ပဲနေလိုက်တုန်း ဩဂုတ်လ ၂၂ ရက်နေ့ကျတော့ ယက္ခနာမည်နဲ့ပဲ အမှတ် (၂) တံတား ဘက် ကိုချိန်းတာပေါ့။ အဲ့တာနဲ့ ကျွန်တော်ကမလာနိုင်ဘူးလို့ ပြော လိုက်တော့ ဘယ်မှာရှိနေလဲ မေး တာနဲ့ ဟုန်ဖိုင်ရွာလို့ပြောလိုက်ကော ဟုန်ဖိုင်ရွာက ဆည်ဘက်ကိုလာခဲ့ဖို့ သူတို့ဘက်ကချိန်းတာနဲ့ သွားလိုက်ရတယ်ပေါ့။ အဲ့ကိုရောက်ပြီးတော့ တိုက်ခိုက်ခံခဲ့ရတာပေါ့နော်။ ဒီလအတွင်းမှာလည်း သူ တို့ ဘက်ကနေချိန်းခြောက်တာတွေ လုပ်ဆောင်ခံနေရတုန်းပါပဲခင်ဗျ။
D-Day News။ ။ သူတို့ဘက်ကနေ ချိန်းဆိုပြီးတော့ကို စောဇင်မောင်ကို လုပ်ကြံတာပေါ့နော်။ အဲ့ တော့ လုပ် ကြံ တဲ့အဖွဲ့က ဘယ်နှစ်ဦးလောက် အထိတွေ့မြင်ခဲ့ရလဲ။ နောက်ပြီးတော့သူတို့ ဘာတွေနဲ့ လာခဲ့ ကြတာလဲ။ ကိုစောဇင်မောင်ကို ဘယ်လိုမျိုးအန္တရာယ်ကျအောင် လုပ်ဆောင်သွားခဲ့တာလဲ ခင်ဗျ။
စောဇင်မောင်။ ။ သူတို့စာထဲပါတာက နေ့လည် ၂ နာရီလောက် ဟုန်ဖိုင်ရွာ ဆည်ဘက်က တောအုပ် ချိန်းတာ၊ ကျနော်လည်း ဘယ်သူတွေလည်း၊ ဘယ်လိုလူတွေလည်း သိချင်တာသွားမယ်ဆိုပြီး သွား လိုက်တယ်။ အဲဒီမှာ Toyota Hilux Double Cap မော်ဒန်အမြင့်အမျိုးအစားကားတွေပဲ ၊ လိမ္မော် ရောင် တစ်စီးနဲ့ အမဲရောင်အစင်းကြား တစ်စီးနဲ့ ဆည်ဘက်ကို တက်လာတာတွေ့ရတယ်။ လူတွေ က ၇ ယောက်လောက်ရှိတယ်။ ကျွန်တော်တို့ချိန်းတဲ့နေရာကို ထွက်လာကြတာ။ ကျွန်တော့်ကိုလည်း ဖုန်းကနေဆက်သွယ်လာတယ်ပေါ့။ အဲ့ဒါနဲ့ ကျနော်လည်း ဘာမှ မလုပ် လောက်ပါဘူးထင်ပြီး ထွက် တွေ့ လိုက်တာ၊ အဲဒီမှာတင် ကျွန်တော့်ကို နှစ်ယောက်ကပုခုံးကနေ လက်ကိုပါ နောက်ပြန်ဖမ်းချုပ် ထားတယ်။ အဲဒီအချိန်ကျမှ သူတို့လက်ထဲမှာ သေနတ်လိုတွေ ပါလာ တာ သတိထားမိသွားတာ၊ ပစ္စတို အမျိုးအစားလို့တော့ ထင်တယ်။ ကျနော်လည်း ရုန်းထွက် လို့မရ တော့ ဘူး။ သူတို့ထဲက ခေါင်းဆောင်လားမပြောတတ်ဘူး။ နဲနဲအရပ်မြင့်မြင့် အသားဖြူဖြူတစ် ယောက်က ကျွန်တော့် မျက် နှာကို စထိုးတော့တာ။ နောက်ပြီးတော့မှ ကျွန်တော့်ကို ပုံတွေပြတာ။ ကျွန်တော်ရေးထားတဲ့ ကျား ဖြန့် ငွေလိမ်ဂိုဏ်းနဲ့ ပက်သက်တဲ့သတင်းအပုဒ်တွေရယ်။ နောက်ပြီးတော့ သူတို့ရဲ့အလုပ် သမားတွေ ရဲ့ ပုံတွေကိုပြတယ်။ အဲ့သူတွေကို ကျွန်တော်သိလား။ ကျွန်တော် သတင်း ရေးထားတာ ဟုတ်လား မေးတာ။ မေးရင်းနဲ့ ဖမ်းချုပ်ထားတဲ့ နှစ် ယောက်က ကျနော့်ဒူးကို ညွတ်ချပ စ်တယ်။နောက်ပြီးတော့ ကျန်တဲ့သုံးယောက်မျက်နှာတွေ ခေါင်း တွေကိုဒူးနဲ့တိုက်တယ်။ ထိုးတယ်။ ကျွန်တော်လဲကျသွား တော့ ဘယ်နှယောက်မှန်းလဲတော့ မပြော တတ် တော့ဘူး။ ဝိုင်းကန်တာကော။ထိုးတာပါခံရတာ။ ပြီးတော့ ကျွန်တော့် ဖုန်းကို စစ်ကြည့် သွားတယ်။ ဖုန်းကိုတော့ မယူသွား ဘူး။ ဘာမှမတွေ့လို့ ဖြစ် မယ်ပေါ့။
သူတို့မထွက်ခင်လေးမှာလည်း ကျွန်တော့်ကိုနားထင်လောက်ဖြစ်မယ်။ ကျွန်တော်ရိုက်နှက်ခံရတော့ သေချာတော့သတိမထားဘူး။ သူတို့ထဲကတစ်ယောက်ကသေနတ်နဲ့ ဦးခေါင်းကိုထောက်ပြီးတော့ ”ဒီတခါနောက်ဆုံးသတိပေးတာ၊ နောက်ထပ်ဆိုတာမရှိတော့ဘူး၊ နောက်တခါဆိုရင်မင်းအသေပဲ”
အဲ့လို မျိုးပြောပြီးတော့ ဆည်ဘက်ကိုပြန်ထွက်သွားကြတယ်။
D Day News: ကိုစောဇင်မောင်အနေနဲ့ အရင်ကလည်း အကြိမ်ကြိမ်ခြောက်ခံရနေရတဲ့ကြားကနေ ချိန်းဆိုတဲ့နေရာကို ဘာအတွက် သွားလိုက်တာဗျ။ အန္တရာယ်ကျရောက်မှာ သိသိကြီးသွားတွေ့တယ် ဆိုတာ့ ဘယ်လိုစိတ်မျိုးနဲ့ ကိုစောဇင်မောင်အနဲ့ ဆုံးဖြတ်ချက်ချပြီး သွားဖြစ်လိုက်တာလဲ။
စောဇင်မောင် : ဒီလိုချိန်းဆိုတဲ့နေရာကို ဘာကြောင့်သွားလိုက်ရလဲဆိုတော့ ကျနော့်ထက် ကျနော့်ရဲ့ မိသားစုဝင်တွေပေါ့၊ လက်ရှိ ကျနော့်အနီးမှာရှိနေတဲ့ ကျနော့်အမျိုးသမီးအပေါ်ကို အန္တရာယ်ပိုကျ ရောက်လာမှာရယ်။ နောက်ပြီးတော့ ကျနော်ကို ခြိမ်းခြောက်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလည်း ဆိုတာ သိချင်တာရယ်။ ဘာကြောင့် ကျနော့်ကို ဒီလိုခြိမ်းခြောက်တာလည်းဆိုတဲ့ အကြောင်းရယ် ပိုပြီး သိချင်တယ်။ အဲလိုမျိုးကြောင့် သွားလိုက်တာဖြစ်ပါတယ်။ ပြီးတော့ ဘယ်လိုမျိုးဆုံးဖြတ်ချပြီး သွားတာလဲဆိုတော့ အဓိကတော့ ကျနော့်ရဲ့အမျိုးသမီး၊ ကျနော့်ရဲ့မိသားစုဝင်တွေအပေါ် အန္တရာယ် ကျမှာစိုးတဲ့အတွက် ကျနော်ကိုယ်တိုင်ပဲ ရင်ဆိုင်ဖြေရှင်းလိုက်တာကောင်းမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယူဆလိုက်တာ၊ ကိုယ့်ကိုကိုယ်ဆုံးဖြတ်ချပြီးတော့ သွားလိုက်ရခြင်းဖြစ်တယ်။ နောက်ပြီးတော့ ခြိမ်း ခြောက်မှုတွေက အရင်ကတည်းက ရင်ဆိုင်ခဲ့ဖူးတယ်၊ ဒါတွေက သာမန်လို့ပဲ ယူဆထားတာ၊ အဲလိုပဲ သာမန်လောက်ပါပဲ၊ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီးတွေးထင်ခဲ့တာ၊ သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ထင် ခဲ့တာ၊ ဒါပေမယ့် တကယ့်လက်တွေ့ဖြစ်စဉ်မှာတော့ အသက်အန္တရာယ်ကျရောက်တဲ့အထိကို ခြိမ်း ခြောက်ခံရတာဖြစ်ပါတယ်။
D-Day News: နောက်ပြီးတော့တခုသိချင်တာက ကိုစောဇင်မောင် အပြင် အမျိုးသမီးဖြစ်သူကိုလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းကနေ ခြိမ်းခြောက်တာတွေလုပ်ဆောင်ခံရတယ်လို့ သိရတယ်ပေါ့။ အခုထိ ကော ခြိမ်းခြောက်မှုတွေကဆက်ပြီးလုပ်ဆောင်ခံနေရှိနေတုန်းပဲလား။
စောဇင်မောင်: ဟုတ်ကဲ့။ ကျွန်တော်တိုက်ခိုက်ခံရပြီးတော့နောက်ပိုင်းတော့ဩဂုတ်လကုန်တဲ့အထိ ဘာမှတော့ဆက်ပြီးခြိမ်းခြောက်တာတွေထပ်မဖြစ်လာဘူး။ ဒါပေမဲ့ ဒီစက်တင်ဘာလလထဲမှာတော့ ကျွန်တော်ကော ကျွန်တော့်မိန်းမကိုပါ Telegram ကနေ တော့ စာပို့ခြိမ်းခြောက်တာထပ်ဖြစ်လာ တယ်။ ကျွန်တော့် ဆီကို အရင်စာပို့လာတာပေါ့။ နောက်ပြီးတော့မှကျွန်တော့်အမျိုးသမီးဆီကို စာပို့ ချိန်း ခြောက်လာတာ ထပ်လုပ် သွားတယ်။ အဲ့ဒီနောက်ပိုင်းပြီးတော့ အခြားချိန်းခြောက်တာတွေ တော့ ထပ်မလုပ်လာတော့ ဘူးပေါ့။ ဒါပေမဲ့အခြေအနေတွေစောင့်ကြည့်နေရတုန်းပါပဲ။
D-Day News : ကိုစောဇင်မောင်အနေနဲ့ လုပ်ကြံခဲ့ရရပြီးတော့ပေါ့နော်ဘယ်သူတွေကို အရင်ဆုံး ဆက်သွယ် အကြောင်းကြားခဲ့တာတွေ လုပ်ခဲ့သလဲ။ နောက်ပြီးတော့အဖွဲ့အစည်းတွေကို ချိတ်ဆက် တာတွေလုပ်ဆောင်ခဲ့သေးလားခင်ဗျ။
စောဇင်မောင်: ကျွန်တော့်အနေနဲ့ရိုက်နှက်ခံခဲ့ရပြီးတော့ ကျွန်တော် အိမ်ကိုအရင်ပြန်လာလိုက်ပါ တယ်။ နောက်တော့မှ ကျွန်တော့်အမျိုးသမီးကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်ပေါ့။ ကျွန် တော့် အမျိုးသမီးကထိုင်း-မြန်မာနယ်စပ် ပြည်တွင်း စစ်ဘေးရှောင်စခန်းကို ခနသွားကူပေးနေရ တာဆို တော့ Viber ကနေ ဆက်သွယ်အသိပေးတာပဲလုပ်နိုင်ခဲ့တာပေါ့။နောက်ပြီးတော့ စိတ် ကျန်း မာရေးအထူးကုဆရာဝန်နဲ့လည်း ပြသလိုက်ရတယ်။ ကျွန်တော် အရမ်းကိုကြောက်သွားတာ လည်းပါ တယ်ပေါ့။ စိတ်ကျန်းမာရေးအခြေအနေနဲ့က အဆင်မပြေတော့တဲ့အတွက် မိတ်ဆွေ ဆရာဝန်တစ်ဦး ကို အကူအညီတောင်းခံလိုက်ရတယ်ပေါ့။ အခြားအဖွဲ့အစည်းတွေကတော့ IMJA နဲ့ MJC အဖွဲ့တွေ ကိုတော့အသိပေးတာတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အခုထိတော့ အကူအညီတစုံတရာ ကူညီ ပေးတာ တော့ မရှိသေးပါဘူး။
D-Day News : ကိုစောဇင်မောင်အနေနဲ့အခုလိုချိန်းခြောက်မှုတွေ လုပ်ကြံခံရမှုတွေကြုံတွေ့လာရ တဲ့ အပေါ် အခြား UN လိုအဖွဲ့အစည်းတွေကို ကောအသိပေး အကူအညီ တောင်းခံတာ ပြုလုပ် ခဲ့ လား။ သူတို့ဘက်ကကော ဘာတွေတုန့်ပြန်တာတွေလုပ်ပေးလဲခင်ဗျ။
စောဇင်မောင် : ကျွန်တော်တိုက်ခိုက်ခံရပြီးတော့ အခြားသတင်းသမားအဖွဲ့အစည်းတွေကို ကူညီ တောင်းခံခဲ့တာပေါ့။ အဲ့တာတွေထက် ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအရ မနည်းပြန်လည် ကြိုးစားခဲ့ရတော့ အခုလတ်တလောမှUN လိုအဖွဲ့အစည်းမျိုးကိုဆက်သွယ်ဖို့လုပ်ဆောင်နေပါတယ်။ လက်ရှိကတော့အဆက်အသွယ်ရရှိဖို့ကြိုးစားနေတုန်းပါပဲလို့ပြောပါရစေ။ နောက်ပြီးတော့ ကျွန် တော် သာမကဘူး ကျွန်တော့်အမျိုးသမီးဆိုရင်လည်းCDM Nurse ဖြစ်လို့အတူတူတိမ်းရှောင် လာရ တာ။ အခုလိုချိန်းခြောက်ခံရတဲ့အတွက် သူအတွက် စိုးရိမ် စရာ တွေဖြစ်ပေါ်ရတယ်ပေါ့။ နိုင်ငံ တကာအဖွဲ့အစည်းတွေ ကနေတစုံတရာ အကူအညီ လုပ် ဆောင် ပေးလာဖို့တော့မျှော်လင့် နေမိပါ တယ်။
D-Day News : နောက်ဆုံးအနေနဲ့အခြားဖြည့်စွက်ပြောကြားချင်တာရှိပါသေးလားခင်ဗျ။
စောဇင်မောင်: ဖြည့်စွက်ပြီးတော့က ကျွန်တော်အနေနဲ့ သတင်းသမားတစ်ဦး အလွတ်တန်းသတင်း ထောက် တစ်ဦးဖြစ်တဲ့အတွက် ပြည်သူတွေအပေါ် အမှန်တရားအတိုင်း သတင်းတွေ အမြဲမပြတ် ဖော်ပြပေးနေမှာဖြစ်တယ်။ အဲ့ဒီအတွက်လည်း ဖမ်းဆီးခံခဲ့ရပြီးပြီ။ နေအိမ်လည်းချိတ်ပိတ်ခံရတယ်။ နောက်ပြီးတော့ Development Media Group(DMG) သတင်းဌာနမှာလုပ်ကိုင်ခဲ့တုန်းကလည်း ၁၀၂၇ စစ်ဆင်ရေးသတင်းနဲ့ကော အခြားသတင်းထောက်တွေရဲ့ သတင်းဖော်ပြမှုတွေအပေါ် စစ် ကောင်စီကမကျေနပ်လို့ ရုံးဝင်အစီးခံရပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ တရားအစွဲခံထားရတယ်၊ ဖမ်းဝရမ်း အထုတ်ခံထားရတယ်။ အခုလည်းကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ပက်သက်ပြီးတော့ သတင်းထုတ်ရေးတဲ့ အတွက် အသက်အန္တရာယ်ကျရောက်သည်အထိရင်ဆိုင်ရပြီပေါ့နော်။ အဲ့ဒီအတွက်လည်း ကျွန်တော် အနေနဲ့ မတရားမှုတွေကို အမြဲမပြတ် ဖော်ထုတ်သတင်းရေးသားနေမှာဖြစ်တယ်။ ဒါပေမဲ့ အခုလို အခြေအနေဆိုးနဲ့ကြုံ တွေ့ခဲ့ရတဲ့အပေါ် မှာ တော့ ကျွန်တော်နဲ့ကျွန်တော့် အမျိုးသမီးတို့ နှစ်ဦးစလုံး အတွက် ထိုင်းမှာနေထိုင်ဖို့က အရမ်းကို အန္တရာယ် ကြီး တယ်ပေါ့နော်။တကယ်လို့ များ ဖြစ်နိုင်ရင် တော့ အန္တရာယ်ကင်းတဲ့နိုင်ငံတစ်ခုကိုပြောင်းရွှေ့ခွင့်ရချင်ပါတယ်။ သွားရမသွားရတာက ကံတရား ပေါ့ နော်။ ဒါပေမဲ့ကျွန်တော်ကတော့ မတရားမှု သတင်းတွေကိုဆက်လက်ဖော်ထုတ်ရေးသား နေမှာ ဖြစ်တယ် လို့ပဲပြောချင်ပါတယ်။
D Day News