CDM News

0 0
Read Time:2 Minute, 48 Second

ကျောက်ဆည်တက္ကသိုလ်တက်နေသူ ကျောင်းသားတစ်ဦး အဓမ္မစစ်သားစုဆောင်းခံရပြီး လက်နက် ခဲလမ်းများနှင့်တကွ အလင်းဝင်

 

  • ခလရ ၃၀၅ တပ်ရင်းမှူးနှင့်စစ်သား ၂ ဦးက အသက် ၂၇ နှစ်အရွယ်ခရီးသွား အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ပြီး လည်လှီးသတ်ခဲ့ဟု ဝန်ခံထွက်ဆို

 

D Day News

ဧပြီလ ၈

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အဆောင်တစ်ခုတွင် နေထိုင်ကာ တက္ကသိုလ်တက်နေသူ ကျောင်း သားတစ်ဦး အဓမ္မစစ်သား စုဆောင်းခံရပြီးနောက် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့ ကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မတ်လ ၁၃ ရက်နေ့က ကောလင်းမြို့နယ်အတွင်း ရောက်ရှိနေသော ခလရ ၃၀၅ တပ်ရင်းကအ သက် ၃၂ နှစ်အရွယ်ရှိ စစ်ကောင်စီ တပ်သားတစ်ဦးသည်ကောလင်းခရိုင် တပ်ရင်း ၁ ထံဆက်သွယ် ကာ MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် အတောင့် ၁၀၀၀ ၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံး နှင့် နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်ခဲ့ သည့် စစ်သားကို ဧပြီလ ၅ ရက်တွင် ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သူ စစ်သားသည် ကျောက်ဆည်မြို့ အဆောင်တစ်ခုမှာ နေထိုင်ပြီး တက္ကသိုလ် တက်နေသူ တစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က ၎င်းနေထိုင်ရာ အဆောင် ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံခဲ့ရကာ တောင်တွင်းကြီးမြို့၊ အ မှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်၌ ၄ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရကြောင်း သိရ သည်။

 

သင်တန်းဆင်းပြီးနောက် ရွှေဘို၊ အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခဲ့ပြီး ခလရ ၃၀၅ တပ်ရင်း၌ ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခြင်းတွင် ပါဝင်ခဲ့ကာ ကောလင်းမြို့ကို စစ် ကြောင်းထိုးစဉ် လိုက်ပါလာခဲ့ရခြင်းကြောင်း၊ သိရသည်။

 

မတ်လ ၅ ရက်နေ့က ကောလင်းမြို့နယ်၊ ကျောက်တန်းရွာသို့ ဝင်ရောက်စဉ် ခလရ ၃၀၅ စစ်ကြောင်း မှူးနှင့် စစ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ်ရှိ ခရီးသွား အမျိုးသမီး တစ်ဦးကို အဓ္ဓမပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အလင်းဝင်ရောက်ခဲ့သူ စစ်သားက ဝန်ခံထွက်ဆို ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *