Mandalay News

0 0
Read Time:2 Minute, 21 Second

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

D Day News

အောက်တိုဘာလ ၆

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံး ကျဲတိုက်ခိုက် ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်း ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးခန့်၊ လက်နက်ကြီးဖြင့် ၅ လုံးခန့် ဗုံး ကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကာ မီးသင်္ဂြိုလ်နေ သည်ဟု သတင်းရရှိသော် လည်း အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“မနေ့ညက မိုးချုပ်ချိန်မှာ မီးရှိုတာ၊ သေတာကတော့ သေချာတယ်၊ ဘယ်နှစ်ယောက်သေလဲ စုံစမ်း မရတာ။ ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံးလောက်နဲ့ လက်နက်ကြီးနဲ့က ၅ လောက်ပစ်ခတ်ခဲ့တယ်။ ဒရုန်းတွေ ကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်တာတော့ရှိတယ်။ ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိပါဘူး” ဟု ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈ ၊ MGN-Tiger ၊ MGN-35 ၊ နွားထိုးကြီးမြို့နယ်-ပကဖ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ ၊ ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့ ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ ၊ Myingyan Denger Dynamite ၊ Aung San’s Blood Civilians Defense Force (ABCDF) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၉ နှင့် နောင်ရိုး အထူး ပြောက်ကျားတပ်-NYSGF စသည့် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *