Magway News

0 0
Read Time:2 Minute, 54 Second

ဂန့်ဂေါခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၆

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး ပြီး ၁၄ ဦး ထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် တစ်ကြိမ်၊ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် တစ်ကြိမ် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ရေရှင်မရွာ ဘုရားရင်ပြင်ပေါ်သို့ အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက်၄၃နှစ် အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိပဲ ထီးလင်း မြို့နယ် ကျင်းမြောက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးသီး ၄ လုံး ကျဲချ ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုး သား ၄ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည့် အပြင်း ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိသူ အမျိုး သမီးတစ်ဦးလည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က‌ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးသွားသော ပြည်သူ တစ်ဦး

“ဒီနေ့ ကျင်းမြောက်ရွာကို ဗုံး ၄ လုံး ကျဲတာ ၃ လုံးကွဲပြီး ၅ ယောက်သေတယ်။ တောင်ဖက်ရွာကိုလဲ စက်လတ်နဲ့ ဆွဲသွားတယ်။ အပြင်းထန်ဒဏ်ရာရတာက ၂ ယောက်ရှိတယ်။ ကျန်တဲ့ ဒဏ်ရာရစာရင်း တော့ အတည်ပြုမရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ယမန်နေ့ အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ဆောမြို့ နယ် ၊ ကျောက်ထုမြို့ အ နီး ပန်းဆန်ကျေးရွာအတွင်းသို့ ကျောက်ထုအမြှောက်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့်တို့ ဗုံးကျဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်တိုးနှင့် အသက် ၁၄ နှစ်အရွယ် မခိုင်စုလွင်တို့ သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *