Sagaing News

0 0
Read Time:1 Minute, 30 Second

ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၅

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Future Hero အဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၄ ရက်နေ့တွင် အောင်သာရွာရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ကို တော်လှန်ရေး တပ်စွဲများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အ ကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည် မပြုနိုင် သေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့က ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော နေရာ တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး ၊ ပျူတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို FUTURE HERO အဖွဲ့ နှင့် P1849 LIGHTNING DRONE FORCE အဖွဲ့တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *