NUG News

0 0
Read Time:3 Minute, 54 Second

ပညာရေးကဏ္ဍကို အကောင်အထည်ဖော်ရာတွင် နယ်ပယ်၊ ဒေသအလိုက် တန်းတူညီမျှခွင့်ကို အခြေ ခံရမည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ ပြော (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၅

 

ပညာရေးကဏ္ဍကို အကောင်အထည်ဖော်ရာတွင် နယ်ပယ်၊ ဒေသအလိုက် တန်းတူညီမျှခွင့်ကို အခြေခံသည့် ပညာရေးမူဘောင်များကို အသွင်းရမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

 

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က ထည့် သွင်းပြောဆိုထားခြင်းဖြစ်သည်။

“နယ်ပယ်အလိုက်၊ ဒေသအလိုက် ပညာရေးကဏ္ဍကို အကောင်အထည်ဖော်တဲ့နေရာမှာ တန်းတူညီ မျှ ခွင့်ကို အခြေခံတဲ့ ပညာရေးမူဘောင်တွေကို အသက်သွင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင်လွတ်လပ် ခြင်း၏ တန်ဖိုးကို နားလည်သဘောပေါက်ဖို့အတွက် အခြေခံပညာရေးကနေ တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ လက်တွေ့လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။ ပညာရေး ရဲ့ တာဝန်ဟာ တစ်ဦးချင်းရဲ့စွမ်းရည်နဲ့ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို ဆက်စပ်ပေးဖို့တာဝန်ရှိ တယ်လို့ ယူဆပါတယ်။ ကျနော်တို့နိုင်ငံရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ ကလေး လေးတွေနဲ့လူငယ်တွေ ကို တစ်ဦးချင်းစွမ်းရည်မြင့်မားအောင် ၊ တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်အောင်လေ့ ကျင့် တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင်လူ့ပတ်ဝန်းကျင်ထဲမှာ အသိနဲ့ ကိုယ်ကျင့်ကို ကိုယ် ခံအားကောင်းကောင်းနဲ့ ယှဉ်သန်ရင့်ကျက်အောင်လုပ်ပေဖို့ တာဝန်ရှိပါတယ်။” ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ပညာရေးကဏ္ဍသည် လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်းတွင် ဗလ ၅ တန်ဖွံ့ဖြိုးရေးကို အဖက်ဖက်မှ ပုံစံမျိုးစုံဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကို တည်ဆောက်မည့် စီမံကိန်းတရပ်လည်း ဖြစ် ကြောင်း၊ ယနေ့ ဆရာ၊ ဆရာများအနေဖြင့် မိမိကိုယ်ကိုယ် ကျောင်းသား၊ ကျောင်းသူများအဖြစ်ခံယူ ကာ အမြဲမပြတ်လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း သတိပေးထားသည်။

 

“ဒီနေ့ ကမ္ဘာ့ဆရာများနေ့မှ ကျနော်တို့လက်ခံထားတဲ့ ပညာရေးကို နက်နက်နဲနဲ ပြန်လည် တွေးခေါ် ဖို့ တိုက်တွန်းလိုပါတယ်။  ပညာရေးကဏ္ဍမှာ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်နဲ့ ပတ်သက်တဲ့အချက် ဖြစ်ပါတယ်၊ ပညာရေးကဏ္ဍမှာ လူ့အဖွဲ့အစည်းရဲ့ အခြေခံ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေဟာ တစ်သက်လုံးလေ့လာသင်ယူရမယ့် ကျောင်းသား၊ ကျောင်းသူတွေအဖြစ် မိမိ ကိုယ် ကို ခံယူပြီး ရှေ့ဆက်ကြဖို့ဖြစ်ပါတယ်။ လေ့လာသင်ယူခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် စွမ်းရည် ဖွံ့ဖြိုး ချင်းလည်းရပ်တန့်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဆရာ၊ ဆရာမတွေကိုယ်တိုင်က လေ့လာသင် ယူ ခြင်း အထုံဓလေ့နဲ့ အသားကျနေဖို့လိုတယ်လို့ ယုံကြည်ပါတယ်၊ တဖက်မှာလည်း ရုပ်ပိုင်းဆိုင်ရာ သင်ကြားခြင်းကို ဦးစားပေးသင်ကြားခြင်းမျိုးမဟုတ်ပဲနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ရင့်ကျက်ဖွံ့ဖြိုး ရေး အတွက် ဆရာ၊ ဆရာမတွေအားလုံးက ကြိုးစားပေးကြဖို့ လေးနက်စွာ တိုက်တွန်း ချင်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *