လားရှိုးမြို့ကွန်ပျူတာတက္ကသိုလ်အနီး စစ်ကောင်စီတပ် လေကြောင်းဖြင့် ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် ၊ စစ်တပ်ထံ သ-တ-င်း – ပေး နေသူများ၏ နေအိမ်ကို ဦးစွာဗုံးကြဲသင့်ကြောင်း MNDAA ပြောဆို
D Day News
အောက်တိုဘာလ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ကွန်ပျူတာတက္ကသိုလ်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ထံ သ-တ-င်းပေးနေသူများ၏ နေအိမ်များကို ဦးစွာ ဗုံးကြဲသင့်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။
ယနေ့အောက်တိုဘာလ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်နှင့် ၁၀ နာရီ ၃၅ မိနစ်အချိန်တို့တွင် လားရှိုးမြို့၊ မယ်ဟ်နရပ်ကွက်၊ ကွန်ပျူတာတက္ကသိုလ်အနီးသို့ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ် က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကွန်ပျူတာတက္ကသိုလ်အနီးတဝိုက်၌ ဗုံးအများအ ပြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကွန်ပျူတာ တက္ကသိုလ်၏ အိပ်ဆောင် အဆောက်အဦရှိ ပြတင်းပေါက် အများအပြားလည်း ကွဲအက်သွားကာ အနီးနားရှိ အိမ်အများအပြားလည်း တချိန် တည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗုံးကျရောက်ပေါက်ကွဲသည့် နေရာများကို လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက် စစ်ဆေးမှုလုပ် ဆောင်ခဲ့ ရာ ဒေသနေပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း သိရ သည်။
လားရှိုးမြို့တွင် နေထိုင်ပြီး မြေကျင်ရင် ရပြီဆိုသည့် မူဝါဒကို အွန်လိုင်းတွင် ကြော်ငြာနေသော အ ကြမ်းဖက် စစ်ကောင်စီထံ သ-တ-င်း-ပေး-နေသူများနေသူများအနေဖြင့် ၎င်းတို့၏နေအိမ်များကို ဦးစွာ ဗုံးကြဲခွင့်ပေးသင့်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။
D Day News