Magway News

0 0
Read Time:2 Minute, 54 Second

ပေါက်မြို့နယ်၊ ဇီးပြားရွာမှ ပျူ ၁ တစ်ဦး လက်နက်ခဲယမ်းများနှင့်အလင်းဝင်၊ပေါက်မြို့နယ်ရှိ ပျူကျေးရွာကို ဝိုင်းဝန်းပိတ်ဆို့ထား

 

D Day News

အောက်တိုဘာလ ၄

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ပြီး ပေါက်မြို့နယ်အတွင်းရှိ ပျူရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း မြိုင်ပကဖကထုတ် ပြန်သည်။

 

ယနေ့ အောက်တိုဘာလ ၄ ရက်နံနက် ၆ နာရီအချိန်တွင် ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ပျူ ရဲမြတ် စိုးသည် ၎င်းနှင့်အတူ ကင်းစောင့်နေသော အကြမ်းဖက်စစ်သားထံမှ M4 Carbine အမျိုး အစား သေ နတ် ၁ လက် ၊ ကျည်ဘောက် ၂ ဘောက်၊ ၎င်းကျည် ၆၃ တောင့်၊ ကာဘိုင်ကျည် ၄ တောင့်၊ လက်ပစ် ဗုံး၂ ၊ လုံး၊ ၆၀ မမ အဖူး ၁ ဖူးနှင့် ဟန်းဖုန်း   လုံးတို ယူဆောင် မြိုင်-ပေါက် ပကဖ အဖွဲ့ထံ ဆက်သွယ် ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ပေါက်မြို့နယ်အတွင်းရှိ စစ်သား၊ပျူစောထီးများအနေဖြင့် ကျေးရွာအပြင်ဘက်သို ထွက်ခွာလျှင် အ သေပစ်ခတ်တိုက်ခိုက်မည်ဖြစ်ပြီး ချိတ်ဆက်၍ လက်နက်ဖြင့် အလင်းဝင်ရောက်လာမည်ဆိုပါက ကောင်းမွန်စွာ စောင့်ရှောက်ထားကာ အသက်ချမ်းသာပေးမည်ဖြစ်ကြောင်း မြိုင်ပကဖ၊ ပေါက်ပကဖ အဖွဲများက အသိပေးထးသည်။

၂၀၂၄ ခုနှစ် အစောပိုင်းအချိန်မှစ၍ ပေါက်မြိုနယ် ဇီးပြား (ပျူ စောထီး) ကျေးရွာနှင့် တရော်ကိုင်း (ပျူစောထီး) ကျေးရွာ အတွင်းရှိ စစ်ကောင်စီ ဘက်တော်သား စစ်သား၊ ပျူ‌စောထီးများအား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက တင်းကြပ်စွာ ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားကာ ဝင်ရောက်လာ သော စစ်ကြောင်းများကို တိုက်ခိုက်မောင်းထုတ်မှု ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

 

ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် ဇီးပြား (ပျူ) ရွာနှင့် တရော်ကိုင်း (ပျူ) ရွာများမှ အလင်းဝင်ရောက်မှု များ ပြားလာပြီး ဝင်ရောက်လာသူများအား ထိန်းချုပ်နယ်မြေနေရာများသို့ ပို့ဆောင်ကာ လုံခြုံရေးတင်း ကြပ်စွာဖြင့် ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

တော်လှန်ရေးအရှိန်မြှင့်တင်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် စစ်သား၊ ရဲ များအနေဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်၌ အသက်အသေမခံဘဲ ပြည်သူ့ဘက်သို့ အမြန်ဆုံး နည်းဖြင့် အလင်းဝင်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *