Mandalay News

0 0
Read Time:2 Minute, 43 Second

နွားထိုးကြီးမြို့နှင့်မြင်းခြံမြို့နယ်တွင် စစ်သားတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထိခိုက် သေဆုံးမှုရှိ

 

D Day News

အောက်တိုဘာလ ၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ မြို့မကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင်နွားထိုးကြီးမြို့ မြို့မကျောင်း၌ တပ်စွဲထား သောအကြမ်းဖက်စစ်သားများကို Shar Htoo WOW နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့ ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃၁ လုံးကြဲချတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း TGYR – ပျောက်ကြားတပ်ဖွဲ့ထံက သိရသည်။

 

အောက်တိုဘာလ ၁ ရက် နေ့က မြင်းခြံမြို့နယ်၊ ဆုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃၁ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် ဆီမီးခုံဆိပ်ကမ်းရေတပ်မှလည်း လက်နက်ကြီးများဖြင့် ဆုံရွာအနီးပတ်ဝန်း ကျင်ကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ ၊ Black Eagle Defence Force-MMU ၊ Wings OF KSE ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း – ၅ ၊ မြင်းခြံခရိုင်တပ်ရင်း – ၆ ၊ 925 (ပြောက်ကျားတပ်ဖွဲ့) ၊ မြင်းခြံခရိုင်တပ်ရင်း – ၇ နှင့် ပြည်သူ့အင်အား အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *