Chinland News

0 0
Read Time:3 Minute, 2 Second

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ပါဝင်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၄

 

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ပါဝင်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရက ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး ပြည်သူ့အာဏာအား မတရားအကြမ်းဖက်လုယူသည့် စစ်ကောင်စီသည် နိုင်ငံ့အဝှမ်းစစ်ရေး၊ နိုင်ငံရေးစသည့်အဖက်ဖက်တွင် ရှုံးနိမ့်နေပြီဖြစ်သည့် အပြင် နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင်လည်းအထီးကျန်နေသဖြင့် ၎င်းတို့၏ အာဏာရမ္မက်ကို ဖက် တွယ်ရန်၊ နိုင်ငံတကာတွင် တရားဝင်မှုကို ရယူရန်စသော မတရားသည့်ရည်ရွယ်ချက်ဖြင့် ပြည်သူ့ ဆန္ဒမပါသည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုများ ပြု လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – ချင်းပြည်(Chinland)ဝန်ကြီးချုပ် ဦးဆောင်သော ချင်းပြည်(Chinland)အစိုးရသည် ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ Zophei ဒေသ၊ Lautu ဒေသ၊ Zotung ဒေသနှင့် Senthang ဒေသအသီးသီးရှိပြည်သူလူထုနှင့်တွေ့ဆုံစဉ်

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေးအကျိုးအမြတ်ရရှိရေး၊ စစ်အာဏာရှင် တည်တံ့ခိုင် မြဲရေးအ တွက် ဆောင်ရွက်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိနိုင်မည်မဟုတ်သည့်အပြင် ဒီမိုကရေစီ ဟန်ပြစစ်အာဏာရှင်စနစ်ဖြင့် ၎င်းတို့ အလိုကျ ဖိနှိပ် အုပ်ချုပ်နိုင်ရေးကိုသာ ဦးတည်သည့် ရည်ရွယ်ချက်သာဖြစ်သည်ဟု ရှုမြင်ကြောင်း ချင်းပြည် (Chinland) အစိုးရက ပြောဆိုထားသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းသည် ၎င်းတို့၏ နိုင်ငံရေးထွက် ပေါက်ရရှိရေးနှင့် အာဏာရှင်စနစ်အဓွန့် ရှည်စေရေးအတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် လုံးဝအသိအမှတ်မပြုကြောင်း၊ ပြင်း ထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ပါဝင်ဆောင်ရွက်သည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည် (Chinland) အစိုးရက သဘောထားထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *