Tanintharyi News

0 0
Read Time:1 Minute, 34 Second

တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၄

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေး ရွာအုပ်စု၊ ညောင်ပင်ကုန်းရွာအနီး တွင် အကြမ်းဖက် စစ်တပ် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး အများအပြားထိခိုက်မူရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ခန့်တွင် တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ် သားများ ကားပေါ်တက်နေစဉ် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံး မူရှိပြီးအများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မူကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီ ပကဖ ဇုန် ၃ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *