ရေဦးမြို့နယ်၊ သံသည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
D Day News
အောက်တိုဘာလ ၃
စစ်ကိုင်းတိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီခန့်က ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သံသည်ကျေးရွာနှင့် ငြုပ်တုံရွာတို့ကို ၁၂၀ မမ၊ ၈၀ မမ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ၅ လုံ ပစ်ခတ်ခဲ့ရာ သံသည်ကျေးရွာ၊ လယ်ကွင်းတစ်ခု အ တွင်း ကျရောက်ပေါက်ကွဲ ခဲသော လက်နက်ကြီးစ ထိမှန်ကာ မြက်နှုတ်နေ သော အသက် ၃၉ နှစ် အရွယ် မခင်မျိုးမြင့် သေဆုံး သွားခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးသူက မခင်မျိုးမြင့်ပါ။ အသက်က ၃၉ နှစ်ပါ။ ဘယ်လို ကျည်စထိမှန်တာလဲဆိုတော့ သေ ဆုံးသူ မခင်မျိုးမြင့်က သူရဲ့ လယ်ကွင်းထဲမှာ မြက်နှုတ်နေတာကို လက်နက်ကြီး ကျပေါက်ကွဲပြီး ဦးခေါင်းကျစထိမှန်ပြီး နေရာတင် သေဆုံးသွားတာ။ ဘာစစ်ပွဲမှလည်း မဖြစ်ဘူး။ စစ်ကြောင်းလည်း မရှိဘဲနဲ့ကို ရမ်းသန်း ပစ်တာပါ။ အကြောင်းမဲ့ ရမ်းသန်းပစ်တော့ အရပ်သားတွေ အခုလိုသေဆုံးရ တယ်။ ကျနော်တို့ဖြစ်စေချင်တာကတော့ လက်နက်ကိုင်အချင်းချင်းတိုက်ရင်လည်း အရပ်သားမရှိ တဲ့နေရာကို တိုက်ကြပေါ့။ အရပ်သား တွေနေတဲ့ ကျေးရွာဘက်ကို ပစ်တော့ အရပ်သားဘဲ သေဆုံး မယ်ဆိုတာကို စစ်တပ်က သိသိကြီးနဲ့လုပ်နေတာ။ လုံးဝကို ကျေနပ်စရာမရှိဘူး” ဟု သေဆုံးသူ မခင်မျိုးမြင့်၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။
D Day News