Karen State News

0 0
Read Time:2 Minute, 0 Second

ဖာပွန်မြို့ကို အကြမ်းဖက်စစ်တပ်က လေယာဉ် ၂ စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၆ ဦး၏ မိခင် တစ်ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၃

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကလေး ၆ ဦး၏ မိခင် တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ ထံမှ သိရ သည်။

 

ယမန်နေ့ အောက်တိုဘာလ ၂ ရက် မွန်းလွဲ ၂ နာရီခန့်က ဖာပွန်မြို့၊ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် ဗုံးသီး ၁၀ လုံး ကြဲချ တိုက် ခိုက်ခဲ့ရာ အသက် ၅၀ အရွယ်ခန့်ရှိ ကလေး ၆ ဦး၏ မိခင်တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖာပွန်မြို့၏ အနောက်တောင်ဘက်ရှိ ကစယ်သံဖ လယ်(တေင်သုံးလုံး)၌ အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဒွယ်လိုးမြို့နယ်၊ ကတဲတိနှင့် ထီးသဘလူထာအုပ်စုအတွင်းသို့ လက်နက်ကြီး ၂ လုံး တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ်နှင့်အတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာရပြီးနောက် ပြည်သူ လူထုကို ပစ်မှတ်ထားကာ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကို နေစဉ့် ပစ်ခတ်တိုက်ခိုက်လျက်ရှိ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *